နာရီများနဲ့လူ
ငါ့နာရီ..
မင်းနာရီ..
လမ်းပေါ်က နာရီ..
အချိန်တွေ တဒီဒီလည်ပတ်
စက်ရပ်သွားတဲ့ခဏ
ပြင်လိုက်ရတဲ့ အချိန်တွေ..
ပေးလိုက်ရတဲ့ အချိန်တွေ..
ပြန်လို့လည်ပတ် ခရီးဆက်ခဲ့တာ…
မင်းနာရီ..
ငါ့နာရီ..
အားလုံးနာရီ..
အချိန်တွေ မညီမျှ
မတိကျတဲ့ကမ္ဘာ
ရှေ့တိုးနောက်ငင် ညှိချင်သလိုညှိ
ကလိချင်သလို ကလိနဲ့
ဝိရောဓိတွေဖြစ်လို့
အစစ်တွေ ညစ်ပေ
ဖြစ်လေသမျှ လွဲချော်ခဲ့တာပေါ့…။ ။
နွေသူရ
(၀၃၊၀၉၊၂၀၀၀)
No comments:
Post a Comment