Showing posts with label ကြိုး. Show all posts
Showing posts with label ကြိုး. Show all posts

Sunday, October 19, 2008

ကြိုး

ကြိုး

 

အထိအတွေ့တွေ များလာတော့

ငါ့ကျောက်ဆောင်တွေပြိုလဲ…

သူ့ကမ်းပါးတွေပြိုလဲ…

ပြီးတော့…. ငြိတွယ်ခဲ့ကြ

ဒီကြိုးကိုအစဆွဲမိတော့

ငါတို့ရုန်းဖို့ခက်ပြီ…

ဖြတ်ဖို့ရန်ခက်

ပြတ်ဖို့ရန်ခက်

ဘ၀ရဲ့ ရမ္မက်တွေထဲမှာ

အခိုင်မြဲဆုံးကြိုး….

ဘာပဲဖြစ်ဖြစ်

ဆထက်တန်ဖိုး ခိုင်မြဲချင်တယ်….။       

 

နွေသူရ

၀၅၊၀၃၊၂၀၀၈