Showing posts with label သင်ယူခြင်း. Show all posts
Showing posts with label သင်ယူခြင်း. Show all posts

Sunday, August 24, 2008

သင်ယူခြင်း

သင်ယူခြင်း

ပျော်ရွှင်ခြင်းတွေ သံပတ်ပေးလို့

ဦးနှောက်ကို ထုဆစ်ခဲ့ကြတယ်


အမုန်းတရားတွေ ထမ်းပိုးရစေဦးတော့


အရှုံးအနန္တ ပေးဆပ်ရမယ်…


ကျောင်းတော်က သင်လိုက်


လူတွေက ပြင်လိုက်နဲ့


စွဲလမ်းမှုနောက်က လိုက်နေကြတာ


ပထမတော့ အသစ်


နောက်တော့ အနိဌာရုံတွေ ၀ိုင်းရစ်လို့


ဆန်ကုန်မြေလေးဘဝ


ရိုးသားမှုဆိုတာ အရုပ်ရေးပြရမှာလား…


အမှန်တရားတွေ မှားချင်မှားပေါ့


ပစ္စုပန်မှာ ဖာထေးထားလိုက်မယ်…


နှလုံးသားတွေ မှောက်လျက်လဲလျင်လဲပါစေ


သင်ရိုးကျေညက်ဖို့တော့ လိုတယ်…။ ။


နွေသူရ


(၁၅၊၀၈၊၂၀၀၁)