
( ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ကျွန်တော့်ရဲ့မွေးနေ့ပါ…။
` ပျံသန်းခြင်း ၂၈´ ဆိုတဲ့ကဗျာလေးနဲ့အတူ
မွေးနေ့ပွဲကိုလာလည်ကြတဲ့ Blogger ညီအကို၊ မောင်နှမအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ.....။)
ပျံသန်းခြင်း-၂၈
၂၇ ကိုနောက်ကြောင်းပြန်လှည့်တော့
မဆုံးနိုင်တဲ့ နှလုံးသားသံလမ်းတလျှောက်မှာ
အိမ်ပြန်ရထားတွေ တစ်စီးပြီးတစ်စီး ခုတ်မောင်းသွားတယ်….။
နာကျင်မှုတစ်ခုကလွဲလို့
တစုံတရာမှ ပြောင်းလဲမသွားဘူး…..။
ကောင်းကင်
လွင်ပြင်
ပြီးတော့…လေပြေ
စိတ်ကူးတွေနဲ့သာ ရွက်လွှင့်ခဲ့ရပြီး
စိတ်ကူးတွေနဲ့ပဲ လေထဲတိုက်အိမ်ဆောက်ခဲ့ရတယ်….။
ထူးထူးခြားခြား ချစ်သူတစ်ယောက်ကို
မိုးတိမ်ပေါ်ကနေ ကောက်ရခဲ့တော့
ကျွန်တော်ကိုယ်တိုင်ပဲ
ဆန်းဆန်းပြားပြား ခံစားခဲ့ရတယ်….။
အမေ…
ဝေဒနာ…
အသပြာ…
ချိန်ခွင်လျှာပြန်ညှိတော့
ဘ၀က တဖျပ်ဖျပ်လူးနေတဲ့ငါးလို
ဝယ်သူကို ကြောက်နေခဲ့ရတယ်…..။
တခါတခါလည်း
ငယ်မူပြန်ရမှာတွေးကြောက်မိသလို
တခါတခါလည်း
ရှေ့ဆိုတဲ့ခရီး နီးသလားတွေးကြည့်မိတယ်….။
နာရီအစုတ်တွေနဲ့
ရှုပ်ရှုက်ခတ်နေ့တွေသာ ဖယ်လိုက်ရင်တော့
ကျွန်တော် ….သမိုင်းတွင်အောင်ရိုးသားမဲ့သူပါ……။ ။
နွေသူရ
၀၇၊၀၂၊၂၀၀၈- ၃၀၊၁၁၊၂၀၀၈
