Showing posts with label အမှားများ. Show all posts
Showing posts with label အမှားများ. Show all posts

Monday, August 25, 2008

အမှားများ

အမှားများ

ဘ၀ကျောင်းရဲ့ ခေါင်းလောင်းသံမထိုးခင်မှာ

ပြဌာန်းထားတဲ့ သင်ခန်းစာဆိုလို့

မာနနဲ့ အတ္တတချို့ပဲ ကျန်ခဲ့တယ်..။

ပညာ..

ဓန..

သံဝေဂ ဆိုတာ

လက်ဆုပ်လက်ကိုင်ပြစရာမှ မဟုတ်ခဲ့တာ..။

သင်ခဲ့ရတဲ့ အမှားတွေထက်

မပြင်ခဲ့ရတဲ့ အမှားတွေက ပိုများခဲ့..။

ပြစ်မှူနဲ့ ဥပဒေဆိုတာ

ဆရာ၊တပည့် အပေးအယူမတည့်တဲ့ပြဿနာ..။

အဲဒီလို ဖြစ်မှုနဲ့ ပျက်မှုတွေကြားထဲမှာ

လှည့်စားမှုခံခဲ့ရတာ ငါ ကိုယ်တိုင်ပဲဖြစ်လိမ့်မယ်..။

အမှန်တရားဆိုတာ..

ပညက်ချက်တွေကြားမှာ

အချိန်မရွေးမှားတတ်ပါလားဆိုတာ

အစကသိခဲ့လျှင်..

ကျွန်တော်…အခုကစပြီးပြင်တော့မယ်…။ ။

နွေသူရ

(၁၈၊၁၁၊၂၀၀၆)