(တင်ပြီးသားလေးပါပဲ.....စာမေးပွဲတစ်ခုပြီးတိုင်းအမှတ်ရနေမိလို့ပါ...)
အ၀ါရောင်လမ်းခွဲ
မြုပ်ချည်ပေါ်ချည် ဖြတ်သန်းခဲ့ကြသော
ပင်လယ်တစ်ခု….
ပေးဆပ်ခဲ့ရသောနွေနဲ့
ဆုတ်ပြတ်သတ်ခဲ့တဲ့ အိမ်ပြန်ရက်တွေသာ
ငါ့ကိုရူးသွပ်စေခဲ့တယ်….
မျှော်လင့်ခြင်းနေ ၀င်ခဲ့ပြီးနောက်
ခွဲဖြုတ်ခဲ့ကြသောလက်တွေ
ကျွမ်းရစ်ခဲ့ကြသောဘ၀တွေ
တစစီ..
တစစီ..
ဟိုးအဝေးဆုံးဆီထိ
ငါတို့လွင့်ခဲ့ကြတယ်…
ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့လက်ထဲကနေ
မရိုးနိုင်တဲ့ဆားငံရေတွေ သောက်မိတုန်းပဲ…
ပြာဖြစ်ပြီးတဲ့နောက်တော့
သွေ့ခြောက်စွာနဲ့ မျောလွင့်ရတော့မယ်…
ပင်လယ်တစ်ခုကတော့
အခုထိအေးစက်တုန်း…။ ။
နွေသူရ
၀၉၊၀၂၊၂၀၀၄
(Final Part II နောက်ဆုံးနေ့က အမှတ်တရအဖြစ်ရေးဖွဲ့ခဲ့ပါသည်..။)