Showing posts with label သမား. Show all posts
Showing posts with label သမား. Show all posts

Sunday, August 24, 2008

သမား

သမား

ပညာထဲမှာအသိတရားတွေရှိတယ်

အဲဒီအသိတရားတွေနဲ့ပဲ


မာနပုံဆောင်ခဲတွေ ပြိုလဲခဲ့တယ်…


သဒ္ဒါတရားတွေ ထမ်းပိုးကြဖို့


ဒူထောက်၊လက်မြှောက်


ဖက်နဲ့ထုတ်ခဲ့ရတယ်ပဲပြောပြော


ကိုယ့်ကျောရိုးပေါ်မှာပဲ ကိုယ်အသက်ရှင်ခဲ့ရတယ်…


မဆုံးတမ်းသင်ခန်းစာတွေထဲမှာ


ကိုယ်ကျင့်တရားတွေ အဆုံးသတ်ခဲ့တယ်..


မာနနဲ့ဓနလွန်ပွဲကြားမှာ


ကွေးသောလက်တွေ ဆန့်ခဲ့ရတယ်..


အသက်ရှုဖို့လူဖြစ်တယ်ပဲဆိုစေ


လူဖြစ်ဖို့ကတော့အသက်ရှုရဦးမှာပါ…။ ။



နွေသူရ

(၀၉၊၀၆၊၂၀၀၂)