ကလဲ့စား
မြေဆီကို တီက စားတယ်
တီကောင်နဲ့ ငါးကိုမျှားတယ်
ငါးရဲ့အသား လူက စားတယ်
……………………………..
……………………………..
………………………………
ဒီလိုနဲ့………….
လူတွေရဲ့ ရုပ်အလောင်း
ရွှေထီးမဆောင်းဘဲ
မြေကြီးအဖြစ် ပြောင်းခဲ့ကြတယ်…။ ။
နွေသူရ
( ပထမခြေလှမ်းလေးပါ။ရေးထားတာတော်တော်ကြာပါပြီ…၁၀ နှစ်ကျော်လောက်ရှိပါပြီ…။ကျောင်းတုန်းကသူငယ်ချင်းတွေစုထုတ်ခဲ့ကြတဲ့
`ဂျစ်ပစီညရဲ့ နက္ခတ်သံစဉ်`ဆိုတဲ့ပထမဆုံးကဗျာစာအုပ်လေးမှာ
ဖော်ပြခဲ့ဘူးပါတယ်…။
အမှတ်တရ အနေနဲ့ပြန်လည် တင်ဆက်လိုက်ပါတယ်…။)
