အ သည်း ကွဲ တဲ့ နေ့
အဲ ဒီ နေ့ က ……..
ဒိုင် ယာ ယီ ရေး ပြီး မ ဆွေး မြေ့ ခဲ့ ဘူး။
ဟို ဟို ဒီ ဒီ တွေး ပြီး အိပ်ရေးလုံးဝ မ ပျက်ခဲ့ဘူး။
ဘီ ယာ တွေ မူး အောင် သောက် ပြီး
ဘေး လူ ကို ရင် ဖွင့် တာ မျိုး မ ရှိ ခဲ့ ဘူး ။
အိပ် ယာ ပေါ် ခွေ ပြီး
မျက် ရည် ထွေ ထွေ ကျ တာ မျိုး မ ရှိ ခဲ့ ဘူး။
ဓါတ် ပုံ အ ဟောင်း တွေ ပြန် ကြည့်
HEART ထိ တဲ့ ပုံ စံ မျိုး မ လုပ် ခဲ့ မိ ဘူး။
အဲ ဒီ နေ့ က ……….
ပုံ မှန် ရုံး တက် အ လုပ် မ ပျက် ဘဲ
ညစာကို မြိန်မြိန်ယှက်ယှက် စား ခဲ့ တယ်။
အ ခန်း ဖော် သူ ငယ် ချင်း နဲ့
ည က “ လာ လီ ဂါ “ ပွဲ အ ကြောင်းငြင်းခဲ့သေး တယ်။
မှတ် မှတ် ရ ရ အဲ ဒီ နေ့ က………
‘ ရှ ရာ ပို ဗာ ‘ ‘ ရှက် ကီ ရာ ‘ တို့ နဲ့ Shopping ထွက်ရင်း
“ဆို ဖီ ရာ လောဒ့် ရင်း “ နဲ့ ပက် ပင်း တိုး မိ တယ် လို့
အိပ် မက် ရင်း လန့် နိုး ခဲ့ တယ်………………………..။
နွေ သူ ရ
( ၂ ၆- ၁ ၁- ၂ ၀ ၀ ၆)
Showing posts with label အသည်းကွဲတဲ့နေ့. Show all posts
Showing posts with label အသည်းကွဲတဲ့နေ့. Show all posts
Friday, August 29, 2008
Subscribe to:
Posts (Atom)
