Showing posts with label နာရီများနဲ့လူ. Show all posts
Showing posts with label နာရီများနဲ့လူ. Show all posts

Monday, August 25, 2008

နာရီများနဲ့လူ

နာရီများနဲ့လူ

ငါ့နာရီ..

မင်းနာရီ..

လမ်းပေါ်က နာရီ..

အချိန်တွေ တဒီဒီလည်ပတ်

စက်ရပ်သွားတဲ့ခဏ

ပြင်လိုက်ရတဲ့ အချိန်တွေ..

ပေးလိုက်ရတဲ့ အချိန်တွေ..

ပြန်လို့လည်ပတ် ခရီးဆက်ခဲ့တာ…

မင်းနာရီ..

ငါ့နာရီ..

အားလုံးနာရီ..

အချိန်တွေ မညီမျှ

မတိကျတဲ့ကမ္ဘာ

ရှေ့တိုးနောက်ငင် ညှိချင်သလိုညှိ

ကလိချင်သလို ကလိနဲ့

ဝိရောဓိတွေဖြစ်လို့

အစစ်တွေ ညစ်ပေ

ဖြစ်လေသမျှ လွဲချော်ခဲ့တာပေါ့…။

နွေသူရ

(၀၃၊၀၉၊၂၀၀၀)