ဈေး
အဲဒီဈေးမှာ..
လျှပ်တိုက်သံတွေလုံးထွေးလို့
ပုစွန်ပြုံးလေးတွေနဲ့ကြို
ရောင်းသူ၊၀ယ်သူ ဈေးဆိုနေလေရဲ့…
အဲဒီဈေးမှာ..
လောဘတွေထွန်းညှိ
အတ္တလောင်စာတွေထိလို့
အပြင်းအထန်ကွဲပေါက်
ကြောက်စရာ ဒေါသတွေ…
အဲဒီဈေးမှာပေါ့..
သင်လည်းဝယ် ငါလည်းရောင်း
မျှတရေးချိန်ခွင်မစောင်းကြေး
စား၊၀တ်၊နေရေး တန်းတူပေးကြ…
အဲဒီဈေးမှာ..
သူဌေးသားလည်းပါ
ဆင်းရဲသားလည်းပါ
ကုန်သည်ပွဲစား၊ လယ်သမားလည်းပါ
ကဗျာစာရေး၊ အတွေးသမားလည်းပါ
ရောင်းပါ၊ ၀ယ်ပါ
ညီမျှကြပါ….။ ။
နွေသူရ
(၀၇၊၀၉၊၂၀၀၁)
Monday, August 25, 2008
Subscribe to:
Post Comments (Atom)
1 comment:
အကိုရေ..ကဗျာတွေ အားလုံး အကောင်းတွေချည့်ပဲဗျို့။
ဈေးထဲမှာ လူပေါင်းစုံ မတူညီတဲ့ စရိုက်သဏ္ဍာန်တွေ ရှိနေကြပုံကို ဖော်ကြူးထားတာများ တော်တော်ပေါ်လွင်တယ်ဗျာ။
Post a Comment