နွေသူရသို့….အိတ်ဖွင့်ပေးစာ
ဘ၀ကနက်လာလေလေ
အိမ်ပြန်တံခါးဝတွေ ပိုကျဉ်းသွားလေလေ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
အလျင်းသင့်သလို ဖြတ်သန်းခဲ့ကြ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
ပြီးဆုံးကြောင်း ကြေညာခဲ့ကြ
၉၈ ကနေ ၂၀၀၈
ဘာတွေဘယ်လောက်ချန်ထားရစ်ခဲ့
မင်းလေထုဟာသန့်စင်ရဲ့လား
မင်း ကဗျာတွေကရော အဆိပ်တောက်ကင်းစင်ရဲ့လား
မင်းဟာ မင်းနေရာနဲ့ရောတန်ရဲ့လား
………………………………
……………………………….
………………………………….
.......................................
မနေ့ကလမ်းတွေက ပိုကျဉ်းသွားပေမယ့်
မနေ့ကမျက်စိတွေက ပိုကျယ်လာနိုင်ပါ့မလား
မနေ့တုန်းကမင်းကရော မာန်မာနကင်းရဲ့လား
၂၀၀၉ ရဲ့အက်ကြောင်းတိုင်းမှာ
ဘ၀က ပိုပိုပြီးစေးပစ်လာနိုင်သလား
ရန်သူတွေက ပိုပိုပြီးအေးစက်လာနိုင်သလား
သမားရိုးကျ အိမ်ပြန်ညတွေကရော
အရင်လိုနွေးထွေးပါ့ဦးမလား ။ ။
နွေသူရ
၀၇၊၀၁၊၂၀၀၉
