Showing posts with label ညနေပုံတူ. Show all posts
Showing posts with label ညနေပုံတူ. Show all posts

Sunday, October 5, 2008

ညနေပုံတူ

ညနေပုံတူ

မြေနီတွေနဲ့ ရေးခြစ်….

ရင်ခုန်မှုအသစ်နဲ့ …`ပုဂံ´…

နောက်တစ်နေ့မှာ ရှင်သန်ဖို့….

ထနောင်းပင်တွေ မြိုဝါး

ဆေးသားအသစ်တွေ ခြယ်ရင်း

တိမ်မျှင်လွှာပါးပါး….

ဧရာဝတီ နဲ့ တိုက်စားလိုက်တယ်………။          ။

နွေသူရ
(၀၂၊၀၂၊၂၀၀၁)


(`ပုဂံ´ ကပြန်လာအပြီး အမှတ်တရအနေနဲ့ရေးခဲ့တာပါ…..)