Showing posts with label ဒီဇင်ဘာလမ်း. Show all posts
Showing posts with label ဒီဇင်ဘာလမ်း. Show all posts

Sunday, December 7, 2008

ဒီဇင်ဘာလမ်း

ဒီဇင်ဘာလမ်း

 

အလွမ်းတွေထားခဲ့တော့ ဒီဇင်ဘာ...

ဘ၀ကဒီထက်ကြမ်းဦးမှာမို့…

 ရူးသွပ်ခဲ့တဲ့ရလာဒ်ဟာ..

အရည်ပျော်သွားတဲ့နှင်းတွေလောက်လှခဲ့လို့လား...

 အရောင်ပျယ်သွားတဲ့ပန်းတွေလောက် မွှေးမြလို့လား..

ကိုယ့်ခြေထောက်နဲ့လျှောက်ခဲ့ရတဲ့လမ်းတွေမှာ..

 ကိုယ်တိုင်ကပဲ သူရဲကောင်း၊

ကိုယ်တိုင်ကပဲ သူငယ်ချင်း၊

 ရင်းနှီးစွာပေါင်းခဲ့တဲ့ လက်တွေဟာ..

 မုန်တိုင်းအလွန်မှာ...အားသွန်နိုင်ဖို့မဖြစ်တော့ဘူး...

 ဒီဇင်ဘာလမ်းတလျှောက်မှာ….

 ငါ...ခြေရာတွေလည်း.. ထပ်မပျောက်ချင်တော့ဘူး...။      

 

နွေသူရ

၃၀၊၁၁၊၂၀၀၈


( ဒီဇင်ဘာ ၂၀ မှာကျရောက်မယ့် မဆင့်December Cinderella  အတွက်မွေးနေ့လက်ဆောင်ကဗျာလေးကြိုရေးပေးထားတာပါ...။ ဒီကြားထဲမှာ စာမေးပွဲကိစ္စ၊

အလုပ်ကိစ္စတွေရှိနေလို့ ၂ ပတ်လောက်ခွင့်တောင်းပါတယ်...။ အလည်မလာနိုင်ခဲ့လျင်ခွင့်လွှတ်ပေးကြပါ...။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာအားလုံးဆီကိုပြန်လာခဲ့ပါ့မယ်...။)