ဆုံးရှုံးခြင်း
အချိန်ဧ။်ဆုလာဘ်အဖြစ်
ဇရာလက်ဆောင်ကို ငါရခဲ့ဧ။်။
ဘ၀ရဲ့ လက်ထဲကနေ
ကိုယ်မပိုင်တဲ့ နေရာတွေ
ပြီးတော့…အခွင့်အရေးတွေ..
ဖောက်ပြန်ခဲ့ကြသော အမှန်တရားများ
လက်လွှတ်ဆုံးရှုံးခဲ့ရသော မေတ္တာတရားများ
အသိခက်ခဲ့သော ပရမတ္တများဖြင့်
မိမိဧ။်ဈာပနအား ပြင်ဆင်ရန် မေ့ခဲ့ဧ။်။
ဒုစရိုက်များဖုံးနေသော
ဝိညာဉ် အခိုးအငွေ့များသည်
လေအဝှေ့တွင် ပျောက်ခဲ့ပြီ..။
ဆုံးရှုံးခြင်းဧ။် တံတွေးခွက်၌
ပတ္တမြားမဟုတ်သော ကျွန်ုပ်တို့
နွံနစ်ခဲ့ကြလေသည်…။ ။
သူရနွေ
၀၄၊၀၈၊၂၀၀၂
Sunday, August 24, 2008
Subscribe to:
Post Comments (Atom)
1 comment:
ဆုံးရှုံးတာကို ဆုံးရှုံးသွားမှန်း သိလိုက်တဲ့နေ့ က အောင်မြင်ဖို့ အတွက် ပထမဆုံးနေ့ ဖြစ်ပါတယ်။
ကိုယ်ဆုံးရှုံးတာကို ရှုံးမှန်းမသိရင်သာ နွံနစ်တယ်ဆိုရမလားပါပဲ။
မအယ်ဇီ
Post a Comment