Showing posts with label သင်းကွဲမြစ်. Show all posts
Showing posts with label သင်းကွဲမြစ်. Show all posts

Sunday, September 28, 2008

သင်းကွဲမြစ်

သင်းကွဲမြစ်

ကမ်းခြေရဲ့ အဆုံးသတ်မှာ

လှိုင်းတွေဟာ တွန့်ခေါက်နေတယ်…။

နောက်ကျတတ်တဲ့ နေ၀င်ချိန်ကိုစောင့်ရင်း

အိမ်အပြန်ဟာ ညည့်နက်ခဲ့တယ်..။

သန်းခေါင်ရဲ့ဝင်ရိုးစွန်း အပြင်ဘက်ကိုကြည့်ရင်

ခြောက်ကပ်ကပ် လေပြေတစ်ခုရယ်

ပွန်းပဲ့နေတဲ့ ကမ်းပါးချပ်တွေရယ်ပဲရှိခဲ့တယ်…။

အချိန်က လူကိုမစောင့်ပေမယ့်

ငါက ဒီရေကိုစောင့်ခဲ့ရတယ်..။

ပြုန်းတီးမှုသက်သက်နဲ့ပဲ

အရှုံးပေးကြမယ်ဆိုရင်တော့

မြစ်ကျိုးအင်းအဖြစ် ကျန်ခဲ့လိမ့်မယ်…။        

 

နွေသူရ

၂၅၊၀၈၊၂၀၀၂