ဆောင်း ခို ငှက်
ဘ ၀ ပေး တဲ့ အ နွေး ထည် ထဲ မှာ
အ တောင် တွေ ယှက် ပြီး ခို ၀င် ခဲ့ တာ
နှစ် ဆယ် လေး ကျော် ခဲ့ ပြီ…….။
ဆောင်း ခို ငှက် ရဲ့ ရက် မြတ် တွေ ဟာ
တောင် တန်း တစ် ခု ပေါ် ကျန် ခဲ့ ပြီး နောက်
မြူ နှင်း တွေ ကြား
လက် ဖက် ခင်း တွေ ကြား
မြှုပ် နှံ ထား တဲ့ နွေ ရာ သီ ဧည့် ခန်း ထဲ က နေ
မြွေ လိမ် မြွေ ကောက် ဖြတ် သန်း ခဲ့ ကြ
နွမ်း ကြေ ခဲ့ ရ တဲ့ ည အ လွမ်း တွေ ထဲ မှာ
ဘ ၀ ဟာ အ စိမ်း ရောင် တစ် ခု ပဲ ကျန် ခဲ့ တယ်…..။
ဒီ တောင် တန်း တွေ ဖြတ် သန်း ပြီး က တည်း က
ဦး နှောက် အ မာ ရွတ် တွေ ကြွပ် ဆတ် ခဲ့ ရ
ပြီး ချင် တိုင်း ပြီး ခဲ့ ရ တဲ့ ဒုက္ခ မိုး ရေ ထဲ မှာ
အ တိတ် က ရွှေ အို ရောင် တွေ
နာ ဖျား ခဲ့ ကြ တယ်………..။
ပျံ သန်း ခဲ့ ရ တဲ့ ကင်း ဘတ် စ ပေါ် မှာ တော့
အ ဖြူ ရောင် ဆို တာ
အယောင်ဆောင်ထား တဲ့ “ မြူ “ တွေ ပဲ ဖြစ်မယ်………..။
နွေ သူ ရ
( ၁ ၅ - ၅-၂ ၀ ၀ ၅)
Showing posts with label ဆောင်းခိုငှက်. Show all posts
Showing posts with label ဆောင်းခိုငှက်. Show all posts
Friday, August 29, 2008
Subscribe to:
Posts (Atom)
