Saturday, September 27, 2008

ကလဲ့စား

ကလဲ့စား

 

မြေဆီကို  တီက  စားတယ်

တီကောင်နဲ့  ငါးကိုမျှားတယ်

ငါးရဲ့အသား  လူက  စားတယ်

……………………………..

……………………………..

………………………………

ဒီလိုနဲ့………….

လူတွေရဲ့ ရုပ်အလောင်း

ရွှေထီးမဆောင်းဘဲ

မြေကြီးအဖြစ် ပြောင်းခဲ့ကြတယ်…။     

 

နွေသူရ

 

( ပထမခြေလှမ်းလေးပါ။ရေးထားတာတော်တော်ကြာပါပြီ…၁၀ နှစ်ကျော်လောက်ရှိပါပြီ…။ကျောင်းတုန်းကသူငယ်ချင်းတွေစုထုတ်ခဲ့ကြတဲ့

`ဂျစ်ပစီညရဲ့ နက္ခတ်သံစဉ်`ဆိုတဲ့ပထမဆုံးကဗျာစာအုပ်လေးမှာ

  ဖော်ပြခဲ့ဘူးပါတယ်…။

အမှတ်တရ အနေနဲ့ပြန်လည် တင်ဆက်လိုက်ပါတယ်…။)

2 comments:

ရွှေပြည်သူ (ShwePyiThu) said...

အစသိပ်ကောင်းတဲ့ ပထမခြေလှမ်းလို့ ပြောရမယ် ထင်ပါတယ်။ စိတ်ကူးရော အဖွဲ့ပါ တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ...

မိုးမြင့်တိမ် said...

အင်း ဒါဟာ သံသရာလည်တာဘဲပေါ့။ ကဗျာလေး ကောင်းတယ်။