သင်းကွဲမြစ်
ကမ်းခြေရဲ့ အဆုံးသတ်မှာ
လှိုင်းတွေဟာ တွန့်ခေါက်နေတယ်…။
နောက်ကျတတ်တဲ့ နေ၀င်ချိန်ကိုစောင့်ရင်း
အိမ်အပြန်ဟာ ညည့်နက်ခဲ့တယ်..။
သန်းခေါင်ရဲ့ဝင်ရိုးစွန်း အပြင်ဘက်ကိုကြည့်ရင်
ခြောက်ကပ်ကပ် လေပြေတစ်ခုရယ်
ပွန်းပဲ့နေတဲ့ ကမ်းပါးချပ်တွေရယ်ပဲရှိခဲ့တယ်…။
အချိန်က လူကိုမစောင့်ပေမယ့်
ငါက ဒီရေကိုစောင့်ခဲ့ရတယ်..။
ပြုန်းတီးမှုသက်သက်နဲ့ပဲ
အရှုံးပေးကြမယ်ဆိုရင်တော့
မြစ်ကျိုးအင်းအဖြစ် ကျန်ခဲ့လိမ့်မယ်…။ ။
နွေသူရ
၂၅၊၀၈၊၂၀၀၂
1 comment:
အချိန်က လူကိုမစောင့်ပေမယ့်
ငါက ဒီရေကိုစောင့်ခဲ့ရတယ်..။
ပြုန်းတီးမှုသက်သက်နဲ့ပဲ
အရှုံးပေးကြမယ်ဆိုရင်တော့
မြစ်ကျိုးအင်းအဖြစ် ကျန်ခဲ့လိမ့်မယ်…။ ။
ကောင်းလိုက်တဲ့ အတွေးလေးပါလား--
ကဗျာဥာဏ်ရှိတယ်-- လှပတယ်--ဆက်ရေးပါ--
အားပေးပါတယ်--
ခင်မင်လျက်
မသက်ဇင်
Post a Comment