Friday, August 29, 2008

ကျောင်း

ကျောင်း

တရွှမ်းရွှမ်း အရိုက် ခံခဲ့ရတဲ့

ကြိမ်လုံး ဒဏ်တွေကြားမှာ


ကလေး တစ်ယောက် အတွက်


ကျောင်း ဆိုတဲ့ ကျိန်စာ တစ်ပုဒ်ကို


ထပ်တလဲလဲ ဖတ်နေ ခဲ့ရ တယ်……..။


အပျင်းကြီးစွာနဲ့ ရင်းနှီးခဲ့ရတဲ့ အချိန်တွေထဲမှာ

သုညတွေလည်း အခါခါ ရခဲ့ပြီးပြီ…….။

မူကြိုကနေ တက္ကသိုလ်ကျောင်း

အဲဒီနောက်…….


ဘ၀ဆိုတဲ့ကျောင်း


ထောင်သောင်းမက နေ့ရက်တွေကိုဖြတ်


ရလာဒ်အမှားတွေ ခေါင်းထဲထပ်လို့


အခုဆို………


နှလုံးသားတစ်ခုတောင် ညစ်ပတ်စပြုလာပြီ…..။


ရဲရင့်ခြင်း ၊ နှိမ့်ချခြင်း

ရိုးသားခြင်း ၊ သွက်လက်ခြင်း

ပုစ္ဆာအမှားတွေဖတ်ပြီး

မပြီးပြတ်သေးတဲ့ အဖြေကို

အနာဂါတ် လွယ်အိတ်ထဲ

ထိုးသိပ် ထည့်တတ်ခဲ့ပြီ………..။

ဆိုးဝါးတဲ့ ပြဌာန်း ချက်တွေကြားမှာ

တချို့က ပညာလိုချင်ကြတယ်


တချို့က ပညာ တို ချင်ကြတယ်...။


ဘာပဲဖြစ်ဖြစ်…

အဲဒီကန္တာရ နှစ်တွေထဲမှာ

ဖိနပ်မပါပဲ လမ်းလျှောက်ရတဲ့ ဘဝ

ဘယ်တုန်းကမှ နောင်တ မရခဲ့ဘူး…….။

အမှန်တွေ သင်ပေမယ့်

အမှန်တွေမှ မမြင်နိုင်ခဲ့တာ


အရောင်တွေ ထင်ခဲ့တဲ့ ဘ၀ သင်ပုန်းပေါ်မှာတော့


အရာအားလုံးဟာ စာအံသလို ပြီးဆုံးခဲ့ရပြီ လေ…..။ ။


နွေသူရ

(၅- ၀၉- ၂၀၀ရ)





1 comment:

တက်လူငယ် said...

ကဗျာတွေ တော်တော်ကောင်းတယ်ဗျာ။ သိပ်ကောင်းတဲ့ ထိမတဲ့ ခံစားချက်တွေပါ။ ကာရံတွေရောပါတယ်။ ကြိုက်တယ်။ အခုမှ ဖတ်ဖြစ်တာခွင့်လွှတ်ပါဗျာ။ နောက်လည်းလာဦးမယ်။