ခံ တွင်း ပျက် နေ့ ရက် တွေ ထဲ မှာ
ချိ နဲ့ နဲ့ ငှက် တစ် ကောင် အ တွက်
နံရံတွေဟာ မြင့်လွန်းလှပါ တယ်………….။
တ ကယ် တမ်း ကျ တော့------------
ချော် လဲ ရော ထိုင် ဘ ၀ ထဲ မှာ
ကိုယ်အတ္တနဲ့ ကိုယ်
စီးချင်းထိုးခဲ့ရတယ်….။
မ နေ့ က အိမ် မက် တွေ အ ကြောင်း
ဖန် ဆင်း လို့ မ ပြီး သေး တဲ့
စိတ် ကူး ယဉ် နက္ခတ် တွေ အ ကြောင်း
အမုန်းတရားများနဲ့
သင်ခန်းစာတွေအကြောင်း
အား လုံး မေ့ ပစ် နိုင် ခဲ့ ရင် တောင် …..
မိုး ခါး ရေ ချို တယ် လို့
မ ပြော ရက် ခဲ့ ပါ ဘူး...။
စာ သ င် ခန်း ပြင် ပ က ရင် ခုန် သံ ဟာ
ထင် တာ ထက် ကြမ်း လွန်း လှ တယ်
မျက်နှာကြောတင်းမြို့ပြ ရဲ့လက်ထဲမှာ
ရေ ခဲ စိမ် သစ် သီး တွေ နဲ့
မြိန် ယှက် ခဲ့ ရ တယ်………….။
ပြီး တော့ ----
ထွေး အံ့ မ ရ တော့ တဲ့
အ နာ ဂါတ် တွေ အ ကြောင်း ကို
အိပ် ရေး ပျက် ခံ
စား မြုံ့ ပြန် နေ မိ ခဲ့ တယ်………..။
တ ချို့ က
သိက္ခာ တွေ နဲ့ ဘ ၀ ကို ရှင် သန် ချင် သ တဲ့
တ ချို့ က လည်း
ကိုယ် ထူ ကိုယ် ထ သ မား ရိုး ကျ....
အ ရည် ခြုံ ထား တဲ့
မွမ်း ကျပ် မှု တွေ အောက် မှာ
အ ရောင် အ သွေး တွေ
ကွယ် ပျောက် ခဲ့ တယ်…….။
အ ရည် အ ချင်း တွေ
ပုပ် သိုး ခဲ့ ရ တယ်……..။
လူး လှိမ့် ထား တဲ့ အိပ် ယာ တစ် ခု လို
အိမ်ပြန်ချိန်တွေဟာ
အတိုင်းမသိကြေမွခဲ့တယ်။
အား လုံး ဆုံး ရှုံး ခဲ့ ရင် တောင်
ပျံ သန်း ခွင့် တော့ ရ ချင် သေး တယ်……။
……………အဲ ဒီ ငှက် တစ် ကောင် ပေါ့
အ တောင် ပံ တွေ နဲ့
မ ပျံ သန်း ခဲ့ ရ ဘူး…..။
ေ နွ သူ ရ
( ၁၁- ၁၁- ၂၀၀၃)
Friday, August 29, 2008
ပျံသန်းခြင်း-၂၃
ပျံ သန်း ခြင်း -- ၂ ၃
Subscribe to:
Post Comments (Atom)
1 comment:
ကဗျာတွေတစ်ပုဒ်ချင်းစီလိုက်ဖတ်သွားပါတယ်။်ဒီကဗျာလေးကိုတော့ အကြိုက်ဆုံးပဲ ...စာသားလေးတွေက အဓိပ္ပါယ်အရမ်းရှိတယ် ... ။
စာ သ င် ခန်း ပြင် ပ က ရင် ခုန် သံ ဟာ
ထင် တာ ထက် ကြမ်း လွန်း လှ တယ် ...
တကယ့်လက်တွေ့ဘ၀ဟာ ကျောင်းသင်ခန်းစာထဲမှာ ပြဌာန်းထားတာထက် ပိုရှုပ်ထွေးတာ အမှန်ပါပဲ ။
အား လုံး ဆုံး ရှုံး ခဲ့ ရင် တောင်
ပျံ သန်း ခွင့် တော့ ရ ချင် သေး တယ်……
ဘာတွေပဲ ဆုံးရှုံးသွားပါစေ ... အတောင်ပံတစ်စုံကို ပိုင်ဆိုင်နေသရွေ့ မိုးကောင်းကင်ကြီးအောက်မှာ လွတ်လပ်စွာ ပျံသန်းနေဦးမှာပါပဲ ကိုသူရရေ...။
Post a Comment