မိသားစု
မလာဖြစ်တဲ့ နေ့များထဲမှာပဲ
လာဖြစ်အောင် လာခဲ့တယ်…
မောပမ်းနေတဲ့ ထမင်းဝိုင်းထဲကို
ချွေးတဒီးဒီးနဲ့ ၀င်ခဲ့တယ်..
အိုးမဲ့အိမ်မဲ့ ညစာတွေထဲကနေ
လိုက်ပွဲတွေ ခဏခဏလာချတယ်..
လက်ပစ်ကူးနေဆဲ အိမ်ပြန်ရက်တွေထဲမှာ
ရေဆန်နဲ့ချည်း တွေ့ခဲ့ရတယ်..
မျှော်သူတွေသာ မောပြီးဆို့နင့်ခဲ့ရတယ်..
အခုထိကို မဆုံနိုင်သေးဘူး…။ ။
နွေသူရ
၀၈၊၁၂၊၂၀၀၅
Sunday, August 24, 2008
Subscribe to:
Post Comments (Atom)
2 comments:
မွန်းကြပ်လွန်းတယ် မဆိုသာဘူး။
ဒီလို မိသားစုတွေ အများကြီးမို့ ။
သူတို့ တွေ မျှော်နေနိုင်သ၍ မမောဘူးထင်ပါတယ်။
မအယ်ဇီ
ဟာ တော်တော် ခံစားလိုက်ရတယ်ဗျာ။ မိသားစုကို အရမ်းလွမ်းတယ်။
Post a Comment