Sunday, August 24, 2008

သမား

သမား

ပညာထဲမှာအသိတရားတွေရှိတယ်

အဲဒီအသိတရားတွေနဲ့ပဲ


မာနပုံဆောင်ခဲတွေ ပြိုလဲခဲ့တယ်…


သဒ္ဒါတရားတွေ ထမ်းပိုးကြဖို့


ဒူထောက်၊လက်မြှောက်


ဖက်နဲ့ထုတ်ခဲ့ရတယ်ပဲပြောပြော


ကိုယ့်ကျောရိုးပေါ်မှာပဲ ကိုယ်အသက်ရှင်ခဲ့ရတယ်…


မဆုံးတမ်းသင်ခန်းစာတွေထဲမှာ


ကိုယ်ကျင့်တရားတွေ အဆုံးသတ်ခဲ့တယ်..


မာနနဲ့ဓနလွန်ပွဲကြားမှာ


ကွေးသောလက်တွေ ဆန့်ခဲ့ရတယ်..


အသက်ရှုဖို့လူဖြစ်တယ်ပဲဆိုစေ


လူဖြစ်ဖို့ကတော့အသက်ရှုရဦးမှာပါ…။ ။



နွေသူရ

(၀၉၊၀၆၊၂၀၀၂)

No comments: