Sunday, December 7, 2008

ဒီဇင်ဘာလမ်း

ဒီဇင်ဘာလမ်း

 

အလွမ်းတွေထားခဲ့တော့ ဒီဇင်ဘာ...

ဘ၀ကဒီထက်ကြမ်းဦးမှာမို့…

 ရူးသွပ်ခဲ့တဲ့ရလာဒ်ဟာ..

အရည်ပျော်သွားတဲ့နှင်းတွေလောက်လှခဲ့လို့လား...

 အရောင်ပျယ်သွားတဲ့ပန်းတွေလောက် မွှေးမြလို့လား..

ကိုယ့်ခြေထောက်နဲ့လျှောက်ခဲ့ရတဲ့လမ်းတွေမှာ..

 ကိုယ်တိုင်ကပဲ သူရဲကောင်း၊

ကိုယ်တိုင်ကပဲ သူငယ်ချင်း၊

 ရင်းနှီးစွာပေါင်းခဲ့တဲ့ လက်တွေဟာ..

 မုန်တိုင်းအလွန်မှာ...အားသွန်နိုင်ဖို့မဖြစ်တော့ဘူး...

 ဒီဇင်ဘာလမ်းတလျှောက်မှာ….

 ငါ...ခြေရာတွေလည်း.. ထပ်မပျောက်ချင်တော့ဘူး...။      

 

နွေသူရ

၃၀၊၁၁၊၂၀၀၈


( ဒီဇင်ဘာ ၂၀ မှာကျရောက်မယ့် မဆင့်December Cinderella  အတွက်မွေးနေ့လက်ဆောင်ကဗျာလေးကြိုရေးပေးထားတာပါ...။ ဒီကြားထဲမှာ စာမေးပွဲကိစ္စ၊

အလုပ်ကိစ္စတွေရှိနေလို့ ၂ ပတ်လောက်ခွင့်တောင်းပါတယ်...။ အလည်မလာနိုင်ခဲ့လျင်ခွင့်လွှတ်ပေးကြပါ...။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာအားလုံးဆီကိုပြန်လာခဲ့ပါ့မယ်...။)




9 comments:

အိပ်မက်ရှင် said...

လျှောက်ဖူးတဲ့ လမ်းတွေထဲမှာ ဒီဇင်ဘာလမ်းဟာ အလှဆုံးပါပဲ ... ။
လမ်းကို ဖောက်သွားခဲ့တဲ့ ကဗျာလေးဟာလည်း နှင်းမြူတွေကြားမှာ ...
လှ ... လို့ ... ။

loyallove said...

ကောင်းတယ်ဗျို့..အားပေးလျက်ပါ အဆင်ပြေပါစေဗျာ

ညခင်းနဲ့လမင်း said...

ဒီဇင်ဘာလမ်းကလှပသလို့ 

အေးမြပါတယ်

နောက်နှစ်တော့ ဒီဇင်ဘာလမ်းမှာ

နှင်းမရှီတော့ပဲ ပူပြင်းတော့မယ်ဗျာ

ကဗျာလေးကောင်းပါတယ်

အားပေးနေပါတယ်

မဆင့်အတွက်ဆိုပေမယ့် ကဗျာလေးက

ပေါ်လွင်ပါပေတယ်

December Cinderella said...

ဒီဇင်ဘာလမ်းပေါ်မှာ
အဖော်မပါပဲ
နေရဲအောင်နေခဲ့ဖူးတယ် ...

ဒါပေမဲ့ ဒီနှစ် ဒီဇင်ဘာလမ်း
မနှစ်ကလောက် မပင်ပန်းတော့သလို
ကိုယ့်ကိုချစ်သူများ
ကိုယ်ကချစ်သူများနဲ့
ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရပြည့်ဝလို့
ဒီဇင်ဘာလမ်းကို ဖြတ်သန်းရတာ
ဒီတခါ ရင်မှာ အလန်းဆန်းဆုံးပါပဲ ....

Pre-Birthday Present ကို စီစဉ်ပေးသွားတဲ့ သူရရေ ..
ကျေးဇူးနော် ...မြန်မြန်ပြန်လာခဲ့ ..သူရအိမ်မှာ ညတိုင်း လာအော်နေမှာ ...

ခင်တဲ့ အစ်မ

ပုလဲ said...

ကဗျာလေးကောင်းတယ် ကိုနွေသူရ
ဒီဇင်ဘာလမ်းမှာ လှပစွာလျှောက်လှမ်းနိုင်ပါစေ
အားပေးသွားပါတယ်

ဝါ၀ါခိုင်မင်း said...

ကဗျာလေးလာရောက်အားပေးသွားပါတယ်မောင်လေး
နွေသူရ ရေ. အဆင်ပြေပါစေ။

su wai said...

နိုဝင်ဘာလမ်း ကဗျာလေးလိုပဲ ဒီဇင်ဘာလမ်းကိုလဲ ကြိုက်တယ် ကိုသူရရေ… ကဗျာကောင်းလေးတစ်ပုဒ် မွေးနေ့လက်ဆောင်ရလိုက်တဲ့ ကိုသူရသူငယ်ချင်းလဲ ပျော်မှာသေချာပါတယ်။
ပြန်လာခဲ့မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁ ကိုလဲ မျှော်နေပါတယ်.. ကဗျာလေးတွေလဲ တစ်ပုဒ်လောက်ပဲဖြစ်ဖြစ် ယူလာခဲ့ပေါ့…

ခင်တဲ့
ဆုဝေ

မသက်ဇင် said...

နွေသူရရေ--
ကျေးဇူးစကားလာပြောရင်း--
"ဒီဇင်ဘာလမ်း"
ကို ခံစားဖတ်ပါတယ်---
ဖတ်နေရင်းပဲလေ--အိမ်ပြင်မှာ နှင်းတွေ သဲလို့
ဒီဇင်္ဘာလမ်းကလေးကို--ငေးသွားပါတယ်--

flower.poem said...

ဒီဇင်ဘာလမ်း အလွမ်းတွေထားခဲ့တော့ ဒီဇင်ဘာ..ကိုယ့်ခြေထောက်နဲ့လျှောက်ခဲ့ရတဲ့လမ်းတွေမှာ.. ကိုယ်တိုင်ကပဲ သူရဲကောင်း၊ ကိုယ်တိုင်ကပဲ သူငယ်ချင်း၊ ရင်းနှီးစွာပေါင်းခဲ့တဲ့ လက်တွေဟာ.. မုန်တိုင်းအလွန်မှာ...အားသွန်နိုင်ဖို့မဖြစ်တော့ဘူး...
ထိမိတဲ့စာသားလေးတွေပါ အရမ်းကောင်းတယ် .