Sunday, January 25, 2009

နှုတ်ဆက်ခဲ့ပါတယ်...

ဘလော့ဂါညီအကိုမောင်နှမအားလုံးခင်ဗျား…
မြန်မာပြည်ကိုအပြီးပြန်ရတော့မှာမို့ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်….။
အကြောင်းအမျိုးမျိုးကြောင့်လာမလည်နိုင်ခဲ့လျှင်သော်လည်းကောင်း၊

ပို့စ်အသစ်မတင်နိုင်ခဲ့လျှင်သော်လည်းကောင်း ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်…အခြေနေပေးခဲ့လျှင်အားလုံးဆီကိုအလည်ပြန်လာခဲ့ပါ့မယ်။ အခက်ခဲအမျိုးမျိုးကြားကနေ တကူးတက အချိန်ပေးပြီးလာအားပေးသွားတဲ့ညီအကို၊မောင်နှမများအားလုံးကို လှိုက်လှိုက်လဲလဲ ရင်ထဲကနေအထူးကျေးဇူးတင်ရှိနေပါတယ်။
ဒီနေရာလေးမှာလည်းကျွန်တော့်အိမ်ခွဲလေးတစ်လုံးရှိပါတယ်။
blog spot နဲ့ဝင်ရခက်ခဲ့ရင် အဆင်ပြေအောင်လို့ကြိုရွှေ့ထားရခြင်းဖြစ်ပါတယ်။
ပို့စ်တွေ၊ကွန်မန့်တွေအားလုံးကို လည်းအမှတ်တရအနေနဲ့ ရွှေ့ထား၊ သိမ်းဆည်းထားပါတယ်။ ကြိုက်တဲ့အိမ်ကိုလာလည်နိုင်ပါတယ်..။
ကျွန်တော့်ရဲ့ဘလောဂါညီအကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ။


အားလုံးကို လေးစားခင်မင်လျှက်

နွေသူရ (nwaythura@gmail.com)


6 comments:

WWKM said...

ပျော်ရွှင်စွာနဲ့ အိမ်ပြန်နိုင်ပါစေ။
လူဆိုတာ အချိန်တန်ရင် အိမ်ပြန်ရမှာပဲ မောင်လေး
နွေသူရရေ..
အစ်မတို့လဲနောက်နှစ်ဆို ပြန်လာရမယ်လေ။
ကံကြုံရင် ဆုံကြသေးတာပေါ့နော်..
အစစ အရာရာ အဆင်ပြေပါစေ။

khin oo may said...

အားလုံအဆင်ပြေချမ်းမြေ့ပါစေ.

အိပ်မက်နိဒါန်း said...

ကိုသူရရေ.
အစစအရာရာအဆင်ပြေပါစေနော်.မြန်မာပြည်မှာတစ်နေ့တော့ နေရာလေးတစ်ခုမှာပြန်ဆုံချင်ပါတယ်.ကဗျာလေးတွေလည်းဖတ်ချင်ပါသေးတယ်.

မြတ်သွယ် said...

ကိုနွေသူရကပြန်ရတော့မယ်ပေါ့
ကဗျာကောင်းတွေဖတ်ချင်သေးတယ်
လည်လည်လည်းလာမယ်
အားလည်းပေးမယ်နော်
အရာရာအဆင်ပြေပါစေး)

Anonymous said...

ပြန်သွားပြီလားအကိုရေ

သမီးလဲသင်္ကြန်ဟောလီးဒေးပြန်လာမယ်

ကောင်းသောနေ့ များပိုင်ဆိုင်နိုင်ပါစေရှင်

မသက်ဇင် said...

ကဗျာလေးတွေ---
လွမ်းလို့ လာကြည့်သွားပါတယ်--