Friday, November 21, 2008

သောင်

  (အဟောင်းလေးတစ်ပုဒ်ပါပဲ....ရေးထားတာတော့ကြာပါပြီ...

တချိန်ကခံစားမှု၊ အတွေးလေးတွေပါ...)       


 `သောင်´

 

ငါသည်

ပင်လယ်ဖြစ်လိုက်

ကျွန်းဖြစ်လိုက်နှင့်

တခါတရံ

တံငါသည်ရဲ့ ခြေဖ၀ါးအောက်မှာ

တခါတရံ

ကျောက်ဆောင်တွေရဲ့ ဆွေးမြေ့စေမှုကြားမှာ

အပိုင်းပိုင်း ကွဲအက်ခဲ့ရပြီ…။

ကမ်းရိုးတမ်းတစ်ခုရဲ့ လွတ်လပ်မှု

မိုးစက်တွေရဲ့ ရိုက်ခတ်မှုတွေနဲ့ပဲ

မုန်တိုင်းထဲမှာ ရွက်ဖွင့်မိခဲ့တယ်..။

ပိုက်ကွန်ဆွေးတဲ့ တနေ့မှာတော့

ငါကိုယ်တိုင် ကျောက်ချခဲ့ပါမယ်..။

ဘ၀ဟာ ` ပင်လယ်  ´ မဟုတ်ခဲ့သလိုပဲ

သဲပွင့်တွေဟာလည်း

`ကျွန်း´မဖြစ်ခဲ့ပါဘူး..။  

 

နွေသူရ

(၂၆၊၀၇၊၂၀၀၂)

15 comments:

အိမ် said...

ကဗျာလေးကောင်းတယ်ဗျာ။ဟုတ်တယ်ဗျာ တခါတလေ
ကျောက်ချရပ်နားသင့်တယ်ဗျ။ ဘ၀မှာကြုံဆုံခဲ့ရတာတွေများလာတော့ တခါတလေပေါ့ဗျာ

ပုလဲ said...

ဘ၀ဟာ ` ပင်လယ် ´ မဟုတ်ခဲ့သလိုပဲ သဲပွင့်တွေဟာလည်း `ကျွန်း´မဖြစ်ခဲ့ပါဘူး..
ကောင်းလိုက်တာ ကိုနွေသူရရယ် ..
တစ်ပုဒ်လုံးကိုကြိုက်တယ်
အားပေးသွားပါတယ်
ပိုက်ကွန်ဆွေးသွားလို့ ကျောက်ချရင် ပျော်ရွှင်ခြင်းငြိမ်းအေးခြင်းတွေကြုံဆုံနိုင်ပါစေ

loyallove said...

ကောင်းတယ်ဗျာ အားပေးလျက်ပါ
အဆင်ပြေပါစေဗျာ

su wai said...

မုန်တိုင်းတွေထဲမှာ ရွက်ကုန်လွှင့်ရင်းနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလို့… ကျောက်ချရပ်နားခွင့်ဆိုတာကို ပိုက်ကွန်ဆွေးတဲ့တစ်နေ့မှပဲ ရမယ်ထင်ပါရဲ့…
ကဗျာကောင်းလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးပါ ကိုသူရရေ…
ခင်မင်စွာနဲ့ အားပေးနေတဲ့
ဆုဝေ

အိမ်မက်ရှင် said...

တစ်ခုခုကို ရင်ထဲမှာ ခံစားလိုက်ရစေတဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်ကြောင်း ... ။

kiim said...

ကဗျာလေးလာခံစားသွားတယ်နော်
တကယ်ကောင်းတယ်..
ဆက်ရေးပါ.အားပေးနေတယ်နော်.. :)

khin oo may said...

ဖတ်သွားသည်။

မသက်ဇင် said...

က ဗျာကောင်းလေးတစ်ပုဒ်ကိုဖတ်ရတာ---
ဝမ်းသာမိပါတယ်ရှင်---
ဘ၀ဟာ ` ပင်လယ် ´ မဟုတ်ခဲ့သလိုပဲ သဲပွင့်တွေဟာလည်း `ကျွန်း´မဖြစ်ခဲ့ပါဘူး..
စာသားလေး ကောင်းတယ်ရှင်---

ဝါ၀ါခိုင်မင်း said...

ငါသည်

ပင်လယ်ဖြစ်လိုက်

ကျွန်းဖြစ်လိုက်နှင့်

တခါတရံ

တံငါသည်ရဲ့ ခြေဖ၀ါးအောက်မှာ

တခါတရံ

ကျောက်ဆောင်တွေရဲ့ ဆွေးမြေ့စေမှုကြားမှာ

အပိုင်းပိုင်း ကွဲအက်ခဲ့ရပြီ…။

**************
စာသားလေးတွေကောင်းတဲ့ ကဗျာကောင်းလေးတစ်ပုဒ်
ကို ဖတ်ရတဲ့ အတွက်ကျေးဇူးပါမောင်လေး။

အားပေးလျှက်
အမ၀ါ

ယောနသံစင်ရော် said...

နမိတ်ပုံဖေါ်မှုရော အတွေးပါ အလွန်ကောင်းလို့ နှစ်ချိုက်မိပါတယ်။

အိပ်မက်နိဒါန်း said...

စာသားကောင်းလေးတွေကို ရင်နှင့်ခံစားသွားပါတယ်...

ရှင်ရဲထွတ် said...

ကောင်းမွန်လှတဲ့ ကဗျာလေးပါ၊ ကဗျာအတွေး ကဗျာအရေး တွေ ကျေနပ်အားရမိပါတယ်။

- said...

ကဗျာကောင်းလေးကို ပြန်လည်ခံစားခွင့်ရတဲ့ အတွက် အတိုင်းမသိဝမ်းသာတယ်။ အားပေးလျက်ပါဗျာ

http://winzaw-mdy.blogspot.com

အညတြ (ခေတ္တ နယူးယောက်ခ်) said...

ကဗျာ ရေး သူ ကို လေး စား ပါ တယ်။

flowerworld said...

ဘ၀ဟာ ` ပင်လယ် ´ မဟုတ်ခဲ့သလိုပဲ သဲပွင့်တွေဟာလည်း `ကျွန်း´မဖြစ်ခဲ့ပါဘူး..။
ကဗျာလေးကြိုက်မိတယ် အေ၇းသားတော်တော်ကောင်းတယ်နော် အားပေးနေပါတယ်