Wednesday, September 24, 2008

အိမ်




နှလုံးသားတွေ ဆီမီးထွန်းညှိချိန်မှာ
အိမ်ကနေ အဝေးထွက်ခဲ့တယ်..။
လှုပ်ခတ်နေတဲ့ပစ္စုပန်တွေကြားမှာပဲ
ကမ်းမသိတဲ့ငှက်ဟာ တ၀ဲဝဲလည်လို့…
မျက်ရည်တွေ မြေကျတဲ့နေ့ကတော့
အိမ်ကိုသတိရခဲ့တယ်..။

စွန့်ပစ်သူတွေလက်နဲ့ပဲ
ငါ့ခြေထောက်တွေ ခလုပ်ကျခဲ့တယ်..။
အဟောင်းတွေ မသစ်တော့ပေမယ့်...
အပြစ်တွေ ပြည်ဖုံးကားချတဲ့နေ့ရောက်ရင်
အိမ်ကိုတော့ ပြန်ချင်သေးတယ်…။ ။

နွေသူရ
(၁၄၊၁၂၊၂၀၀၂)










3 comments:

လင်းဦး(စိတ်ပညာ) said...

ကောင်းလိုက်တာဗျာ။

စွန့်ပစ်သူတွေလက်နဲ့ပဲ
ငါ့ခြေထောက်တွေ ခလုပ်ကျခဲ့တယ်..။
အဟောင်းတွေ မသစ်တော့ပေမယ့်...
အပြစ်တွေ ပြည်ဖုံးကားချတဲ့နေ့ရောက်ရင်
အိမ်ကိုတော့ ပြန်ချင်သေးတယ်…။ ။

WWKM said...

ကဗျာလေး အလွန်ကောင်းပါတယ်။
လာရောက်ခံစားသွားပါတယ် မောင်လေး နွေသူရ..
အမ က အမကြီးပဲဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်.
ကဗျာလေးတွေ ကောင်းတယ်. အမ လင့်သွားပြီနော်။

မိုးမြင့်တိမ် said...

တစ်နေ့နေ့တော့ ပြန်ရမှာပါဗျာ။ အားတင်းထား။