Friday, August 29, 2008

အသည်းကွဲတဲ့နေ့

အ သည်း ကွဲ တဲ့ နေ့

အဲ ဒီ နေ့ က ……..

ဒိုင် ယာ ယီ ရေး ပြီး မ ဆွေး မြေ့ ခဲ့ ဘူး။

ဟို ဟို ဒီ ဒီ တွေး ပြီး အိပ်ရေးလုံးဝ မ ပျက်ခဲ့ဘူး။

ဘီ ယာ တွေ မူး အောင် သောက် ပြီး

ဘေး လူ ကို ရင် ဖွင့် တာ မျိုး မ ရှိ ခဲ့ ဘူး ။

အိပ် ယာ ပေါ် ခွေ ပြီး

မျက် ရည် ထွေ ထွေ ကျ တာ မျိုး မ ရှိ ခဲ့ ဘူး။

ဓါတ် ပုံ အ ဟောင်း တွေ ပြန် ကြည့်

HEART
ထိ တဲ့ ပုံ စံ မျိုး မ လုပ် ခဲ့ မိ ဘူး။

အဲ ဒီ နေ့ က ……….

ပုံ မှန် ရုံး တက် အ လုပ် မ ပျက် ဘဲ

ညစာကို မြိန်မြိန်ယှက်ယှက် စား ခဲ့ တယ်။

အ ခန်း ဖော် သူ ငယ် ချင်း နဲ့

ည က “ လာ လီ ဂါ “ ပွဲ အ ကြောင်းငြင်းခဲ့သေး တယ်။

မှတ် မှတ် ရ ရ အဲ ဒီ နေ့ က………

ရှ ရာ ပို ဗာ‘ ရှက် ကီ ရာ ‘ တို့ နဲ့ Shopping ထွက်ရင်း

“ဆို ဖီ ရာ လောဒ့် ရင်း “
နဲ့ ပက် ပင်း တိုး မိ တယ် လို့

အိပ် မက် ရင်း လန့် နိုး ခဲ့ တယ်………………………..။

နွေ သူ ရ

( ၂ ၆- ၁ ၁- ၂ ၀ ၀ ၆)

3 comments:

မသက်ဇင် said...

ဆန်းသစ်ပြီး အတွေးကောင်းတဲ့ ကဗျာလေးတပုဒ်ပါပဲ----
အခြားကဗျာတွေလည်း အေးအေးဆေးဆေး
လာဖတ်ပါအုံးမယ်---
အားပေးနေပါတယ်---
ဆက်ရေးပါ----
ခင်မင်လျက်
မသက်ဇင်

လင်းဦး(စိတ်ပညာ) said...

ရေးပုံနည်း ဆန်းသစ်တယ်.. ကောင်းတယ်ဗျို့

WWKM said...

ဟဟဟား
အဆွေးကဗျာလေးလားလို့ ဖတ်ကြည့်မိပါတယ်..
သနားစရာမကောင်းပဲ အော်ရယ်ချင်သွားတယ်။
ကဗျာလေးကောင်းတယ် မောင်လေး နွေသူရ ရေ။
ဆန်းဆန်းလေး နဲ့ တွေးခေါ်တာလေးက ဆန်းကြယ်တယ်။
အားပေးနေမယ်နော်။
ခင်မင်လျှက်
မ၀ါ