Friday, December 26, 2008

နှင်းပျော်ချိန်

နှင်းပျော်ချိန်

 

ဖြူစင်ခဲ့တဲ့ နှင်း…

ခြေရာတွေနင်းဖြတ်ပြီးတဲ့နောက်

အရည်တွေပျော်  အရောင်တွေပျက်..

သဘာဝကပေးတဲ့စုတ်ချက်တွေ

မင်းမှာမရှိတော့ဘူး….

နွေအ၀င်လမ်းမှာဖြတ်သန်းခဲ့တဲ့နေ့တွေက

ကြမ်းလွန်းပါတယ်….

တမျိုးစီလှပေမယ့်

တခြားစီရှိကြတဲ့ သဘာဝတွေကိုတော့

တို့….မလွန်ဆန်နိုင်ခဲ့ကြဘူးလေ….။     

 

နွေသူရ

၀၅၊၀၄၊၂၀၀၇.

10 comments:

Anonymous said...

နှင်းပျော်တဲ့ချိန်လေး ဖတ်သွားတယ်နော် ကိုနွေသူရ။ ကဗျာလေးက တော်တော်လေးကောင်းတာပဲဗျာ။ နောက်လည်းဆက်ရေးပါဗျာ အားပေးနေပါတယ်ဗျာ။ အဆင်ပြေပါစေဗျာ။

Anonymous said...

တမျိုးစီလှပေမယ့် တခြားစီရှိကြတဲ့ သဘာဝတွေ ဆိုတဲ့နေရာလေး သိပ်ကို လှတယ် ...
နှင်းပျော်ချိန်မှာ ပါဝင်ပျော်ကျသွားခဲ့တဲ့ ဒီကဗျာလေးကို ဖတ်ပြီး ...
ရင်ထဲမှာ တစ်မျိုးလေး ခံစားသွားခဲ့ရတယ် ကဗျာဆရာ ... ။

Anonymous said...

မိုက်လှချည်လားဗျို့။း)

မြတ်သွယ် said...

ကဗျာကအရမ်းကောင်းတာပဲ ကိုနွေသူရ
ကိုနွေသရကဗျာတိုင်းက တစ်မျိုးလေးကိုကောင်းနေတယ်
လေးနက်တယ်
ရိုးရှင်းတဲ့စာသားတွေဆိုပေမယ့် ထူးကိုထူးနေတယ်
ပုလဲခံစားရတာကိုပြောတာပါ
အမှားပါရင်ခွင့်လွှတ်ပေးပါနော်
အားပေးလျက်ပါ
:)

WWKM said...

ကဗျာလေးက ရိုးရိုးလေးနဲ့ ဆန်းနေတယ်.
ကဗျာလေးကောင်းတယ် မောင်လေးနွေသူရ ရေ.

အားပေးလျှက်
မ၀ါ

လုလင်ငယ်သွေး said...

အစ်ကိုရေ ကျွန်တော်လည်း အိပ်မက်ရှင်ပြောတဲ့ စာသားလေးကို သဘောကျသဗျာ။ အစ်ကိုမြင်တတ်တာလေးကို ချီးကျုးပါတယ်။

Anonymous said...

ကဗျာတွေ ကောင်းတယ်ကိုနွေသူရလေ

မလွန်ဆန်နိုင်တာတော့အမှန်ပဲဗျာ

တော်တော်အေးတယ်ဗျာ

ခင်လျက်

December Cinderella said...

အိပ်မက်ရှင်ပြောသလိုပဲ ။။။
တမျိုးစီလှပေမယ့် တခြားစီရှိကြတဲ့ သဘာဝတွေ ဆိုတဲ့နေရာလေးက သိပ်ကို လှတယ် ...

ဒီကဗျာလေး အစ်မ အရမ်းကြိုက်တယ် ။

ခင်တဲ့
မဆင့်

megumi said...

တမျိုးစီလှပေမယ့်

တခြားစီရှိကြတဲ့ သဘာဝတွေကိုတော့

တို့….မလွန်ဆန်နိုင်ခဲ့ကြဘူးလေ….။

အဲဒီနေရာလေး ကြိုက်တယ်။ ကဗျာလေး မိုက်တယ်။

su wai said...

နှင်းပျော်ချိန်မှာ ပျော်ဝင်သွားတယ် ကိုသူရရေ…
နှင်းအပျော်…နွေအ၀င်…မိုးအကူး… အပြောင်းအလဲတွေကို မလွန်ဆန်နိုင်ပေမယ့် သဘာဝတရားကြီးက ရေးဆွဲတဲ့ စုတ်ချက်တွေက တစ်မျိုးစီ လှနေကြပါတယ်... ကိုသူရရဲ့ ကဗျာထဲမှာ ဒီအလှတွေနဲ့ သဘာဝကို ခံစားနားလည်လိုက်ရတယ်။

ခင်တဲ့
ဆုဝေ