အရင်ကတက်ဂ်ထားခဲ့ဖူးပါတယ်။ ရေးလည်းရေးဖူးပါတယ်။
ခေါင်းစဉ်က အချစ်ဆိုသည်မှာတဲ့.....။ စဉ်းစားရအင်မတန်ကြပ်တဲ့ခေါင်းစဉ်ပါ။
ကိုရဲကြီးကခင်လို့တက်ဂ်တော့လည်း ထပ်ရေးပေးလိုက်ပါတယ်..။
စာတစ်တန်ပေတစ်တန်မရေးတတ်လို့ ဒီကဗျာလေးနဲ့ပဲကျေနပ်ပေးဖို့တောင်းဆိုပါတယ်ကိုရဲကြီးရေ...။
အကြွေးကျေပါတယ်နော်...။
အချစ်ဆိုသည်မှာ...
မျှော်လင့်ခြင်းရဲ့တေးသံ
ထို့ထက်ပိုရသော်
ကမ္ဘာဦးက စီးဆင်းလာတဲ့မြစ်တစ်စင်း
ချစ်ခြင်းရဲ့သင်္ကေတမှာ
အရာအားလုံးဟာ ကြည်နူးလှပနေတယ်....
ညတစ်စင်းမှာ လမင်းကလင်းနေသလိုမျိုး
တချို့က လေညှင်းထက်နူးညံ့တယ်
တချို့က မုန်တိုင်းထက်ကြမ်းတမ်းတယ်...။
နှလုံးသားရေပြင်မှာ
မထင်မှတ်ဘဲ ရိုက်ခတ်ခဲ့သောကြိုးတွေ
အသံမျိုးစုံ၊ အရာင်မျိုးစုံ...
ချစ်ခြင်းအဟုန် လျင်မြန်ပုံက
ဘာနဲ့မှတားမရ၊ ဆီးမရ..
ဘာပဲဖြစ်ဖြစ်
အချစ်မြစ်ပြင်ထဲမှာ စီးဆင်းပြီးပြီဆိုရင်
ကမ်းမမြင်တဲ့နေ့တွေလည်း ကြုံရဦးမယ်...
လတ်ဆတ်တဲ့ရနံတွေလည်းရှုရဦးမယ်ဆိုတာကတော့
သေချာတယ်.....။ ။
နွေသူရ
၂၈၊၁၂၊၂၀၀၈
ညနေ ၀၆၃၀ တွင်ရေးခဲ့သည်။
13 comments:
ဂွတ်ထ ဂွတ်ထ..
အကိုကဗျာလေးတွေက အရမ်းကောင်းတယ်နော်
ဆက်မပြောတတ်တော့ဘူး မှားမှာစိုးလို့
ခင်မင်လျှက် ဖိုးဂျယ်
ကောင်းတယ် ဗျာ အချစ်အကြောင်းကတော့အကိုစီမှာပဲလာသင်ရမှာပဲဗျ
ကဗျာကကောင်းလိုက်တာ ကိုနွေသူရ
-ဘာပဲဖြစ်ဖြစ်အချစ်မြစ်ပြင်ထဲမှာ စီးဆင်းပြီးပြီဆိုရင်ကမ်းမမြင်တဲ့နေ့တွေလည်း ကြုံရဦးမယ်-
ရေးသားမှုကတော့ တကယ်မိုက်တယ်
ရှယ်ပဲ
အားပေးပါ၏
:)
အချစ်ကြောင်း ဖွဲ့ဆိုထားတာလေးတွေကောင်းတယ် ဗျာ
အားပေးလျက်ပါ..
ဟ.... ဒီတက်ကအခုထိပြိးသေးဘူးလားဗျ။
ကဗျာလေးတော့ ကောင်း၏
“အချစ်ဆိုသည်မှာ...
မျှော်လင့်ခြင်းရဲ့တေးသံ”
“အချစ်မြစ်ပြင်ထဲမှာ စီးဆင်းပြီးပြီဆိုရင်
ကမ်းမမြင်တဲ့နေ့တွေလည်း ကြုံရဦးမယ်...”
“လတ်ဆတ်တဲ့ရနံတွေလည်းရှုရဦးမယ်ဆိုတာကတော့
သေချာတယ်.....”
သေချာပါတယ်ဗျာ...
ကျွန်တော့အတွက်တော.
အချစ်ဆိုတာ မျှော်လင့်ခြင်း ပါဘဲ..
ကျေးဇူးအထူးပါဘဲဗျာ...
ကဗျာလေးနဲ့ အချစ်အကြောင်းပြောထားတာ ကောင်း
တယ် မောင်လေးရေ.အဆင်ပြေပါစေ။
မောင်လေးရေ... အချစ်အကြောင်းကတော့ ဖွဲ့လိုလည်း မကုန်ပါလားနော်... ဒီကမ္ဘာကြီး မှာ အချစ်တွေနဲ့ပြည့်နေတာဘဲနော်....
အရာင်မျိုးစုံ...ချစ်ခြင်းအဟုန် လျင်မြန်ပုံက ဘာနဲ့မှတားမရ၊ ဒီစာသားလေးကိုကြိုက်တယ်။
ဟုတ်တာပေါ့.
ဟုတ်တာပေါ့...
ကြိုက်တယ်.. :)
ဂွတ်တယ်ဗျာ။ အားပေးလျက် အစ်ကိုရေ။
ကဗျာလေးမိုက်တယ်။
Post a Comment