Sunday, December 21, 2008

အ၀ါရောင်လမ်းခွဲ

(တင်ပြီးသားလေးပါပဲ.....စာမေးပွဲတစ်ခုပြီးတိုင်းအမှတ်ရနေမိလို့ပါ...)

         အ၀ါရောင်လမ်းခွဲ

 

မြုပ်ချည်ပေါ်ချည်  ဖြတ်သန်းခဲ့ကြသော

ပင်လယ်တစ်ခု….

ပေးဆပ်ခဲ့ရသောနွေနဲ့

ဆုတ်ပြတ်သတ်ခဲ့တဲ့ အိမ်ပြန်ရက်တွေသာ

ငါ့ကိုရူးသွပ်စေခဲ့တယ်….

မျှော်လင့်ခြင်းနေ  ၀င်ခဲ့ပြီးနောက်

ခွဲဖြုတ်ခဲ့ကြသောလက်တွေ

ကျွမ်းရစ်ခဲ့ကြသောဘ၀တွေ

တစစီ..

တစစီ..

ဟိုးအဝေးဆုံးဆီထိ

ငါတို့လွင့်ခဲ့ကြတယ်…

ပြန်မရနိုင်တော့တဲ့  ဘ၀ရဲ့လက်ထဲကနေ

မရိုးနိုင်တဲ့ဆားငံရေတွေ  သောက်မိတုန်းပဲ…

ပြာဖြစ်ပြီးတဲ့နောက်တော့

သွေ့ခြောက်စွာနဲ့ မျောလွင့်ရတော့မယ်…

ပင်လယ်တစ်ခုကတော့

အခုထိအေးစက်တုန်း…။ 

 

              နွေသူရ

              ၀၉၊၀၂၊၂၀၀၄

(Final Part II  နောက်ဆုံးနေ့က အမှတ်တရအဖြစ်ရေးဖွဲ့ခဲ့ပါသည်..။)

9 comments:

khin oo may said...

အဟောင်းလဲ မဖတ်ရသေးရင် အသစ်ဘဲလို့ပြောထားဘူးတဲ့အတိုင်း

Dr Phyo Wai Kyaw said...

အ၀ါရောင် ဆိုတာ
ဝမ်းနည်းခြင်းလားဗျ..

Anonymous said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ် အဆင်ပြေပါစေဗျာ

su wai said...

ကဗျာအဟောင်းလေးပေမယ့် မဖတ်ရသေးတဲ့သူတွေအတွက် ခံစားချက်အသစ်တွေကို ပေးပါတယ် ကိုသူရရေ..
အ၀ါရောင်လမ်းခွဲ ဆိုတဲ့ ကဗျာခေါင်းစဉ်လေး ဖတ်ပြီး ၀မ်းနည်းသွားသလို ခံစားရတယ်.. ကဗျာလေးကလဲ လွမ်းစရာကောင်းတယ်..။

ဦးဦးဖျားဖျားရလိုက်တဲ့ နှစ်သစ်ဆုတောင်းလေးအတွက်တော့ ကျေးဇူး.. ကိုသူရ ဆုတောင်းပေးတဲ့အတိုင်း ပြည့်ပါရစေ… ။

ကဗျာတွေကို အမြဲအားပေးနေတဲ့
ဆုဝေ

မီးမီးငယ် said...

ဝင်ရောက်ခံစားပေးသွားပါတယ်ရှင်

း)

Anonymous said...

မုပ်ချည်ပေါ်ချည် ဖြတ်သန်းခဲ့ကြသော

ပင်လယ်တစ်ခု….

ပေးဆပ်ခဲ့ရသောနွေနဲ့

ဆုတ်ပြတ်သတ်ခဲ့တဲ့ အိမ်ပြန်ရက်တွေသာ

ငါ့ကိုရူးသွပ်စေခဲ့တယ်….
"အ၀ါရောင်လမ်းခွဲ" တဲ့လား---
ရင်ထဲမှာမောလျစွာ--ခံစားသွားပါတယ်--

Anonymous said...

မိုက်တယ်.. မိုက်တယ်... မိုက်တယ် (စိုင်းစိုင်းသီချင်းမဟုတ်ပါ။ အမှန်အကန်မိုက်တာပါ)
း)

Anonymous said...

နွေသူရရေ-----
ပျော်ရွှင်သောခရစ္စမတ်နှင့်အတူ--၂၀၀၉ မှာ
အစစအရာရာအဆင်ပြေ ချောမွှေ့ပါစေ---

တက်လူငယ် said...

ကောင်းလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါလား။

အကို့ကဗျာလေးတွေကို အားလပ်ချိန် အခွင့်သာတိုင်း အမြဲလာဖတ်ချင်ပါသေးတယ်။