Monday, December 1, 2008

ပျံသန်းခြင်း ၂၈


( ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ကျွန်တော့်ရဲ့မွေးနေ့ပါ…။

` ပျံသန်းခြင်း ၂၈´ ဆိုတဲ့ကဗျာလေးနဲ့အတူ

မွေးနေ့ပွဲကိုလာလည်ကြတဲ့ Blogger ညီအကို၊  မောင်နှမအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ.....။)

 

 

ပျံသန်းခြင်း-၂၈

 

၂၇ ကိုနောက်ကြောင်းပြန်လှည့်တော့

မဆုံးနိုင်တဲ့ နှလုံးသားသံလမ်းတလျှောက်မှာ

အိမ်ပြန်ရထားတွေ တစ်စီးပြီးတစ်စီး ခုတ်မောင်းသွားတယ်….။

 

နာကျင်မှုတစ်ခုကလွဲလို့

တစုံတရာမှ ပြောင်းလဲမသွားဘူး…..။

 

ကောင်းကင်

လွင်ပြင်

ပြီးတော့…လေပြေ

စိတ်ကူးတွေနဲ့သာ ရွက်လွှင့်ခဲ့ရပြီး

စိတ်ကူးတွေနဲ့ပဲ လေထဲတိုက်အိမ်ဆောက်ခဲ့ရတယ်….။

 

ထူးထူးခြားခြား ချစ်သူတစ်ယောက်ကို

မိုးတိမ်ပေါ်ကနေ ကောက်ရခဲ့တော့

ကျွန်တော်ကိုယ်တိုင်ပဲ

ဆန်းဆန်းပြားပြား ခံစားခဲ့ရတယ်….။

 

အမေ…

ဝေဒနာ…

အသပြာ…

ချိန်ခွင်လျှာပြန်ညှိတော့

ဘ၀က တဖျပ်ဖျပ်လူးနေတဲ့ငါးလို

ဝယ်သူကို ကြောက်နေခဲ့ရတယ်…..။

 

တခါတခါလည်း

ငယ်မူပြန်ရမှာတွေးကြောက်မိသလို

တခါတခါလည်း

ရှေ့ဆိုတဲ့ခရီး နီးသလားတွေးကြည့်မိတယ်….။

 

နာရီအစုတ်တွေနဲ့

ရှုပ်ရှုက်ခတ်နေ့တွေသာ ဖယ်လိုက်ရင်တော့

ကျွန်တော် ….သမိုင်းတွင်အောင်ရိုးသားမဲ့သူပါ……။        

 

နွေသူရ

၀၇၊၀၂၊၂၀၀၈- ၃၀၊၁၁၊၂၀၀၈

 

33 comments:

ဖိုးဂျယ် said...

ကိုနွေသူရရေ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။
နောင်မွေးနေ့ပေါင်းများစွာ ချစ်သူနဲ့ အတူတကွ
ဘုရားသွား ကျောင်းတက်နိုင်ပါစေဗျာ။
ခင်မင်လျှက် ဖိုးဂျယ်

Dr Phyo Wai Kyaw said...

ကဗျာမိုက်မိုက်လေးနဲ့
မွေးနေ့ကိုဧည့်ခံတယ်
ကဗျာလည်းစား ကိတ်မုန့်လည်းဝါးသွားတယ်

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။

တက်လူငယ် said...

အိုးဂွတ်..ဘရားသား။ သိပ်ကောင်းတယ်။ ထိထိမိမိ ရေးဖွဲ့ထားတဲ့ ''ပျံသန်းခြင်း ၂၈'' ကဗျာတစ်ပုဒ် ပါလားဗျာ။

မွေးနေ့ပွဲမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သာယာပျော်ရွှင် အေးချမ်းသော ဘဝတစ်ခုအဖြစ် ဆက်လက် လျှောက်လှမ်းသွားနိုင်ပါစေလို့ မွေးနေ့မှာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Anonymous said...

မွေးနေ့ပွဲကိုတက်ရောက်ပါတယ်..ကိတ်မုန့်တွေလည်း အများကြီင်္းစားသွားပါတယ်ဗျာ
ပျော်ရွှင်စရာ မွေးနေ့လေးမှစပြီးနောင် နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်..

s said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုဖက်သွားတယ်နော် ။
အသက် ၂၈နှစ်မွေးနေ့ မှ လာမယ့်နှစ်တွေမှာ ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စွာ ခရီးဆက်နိုင်ပါစေ အကိုကြီးရှင်။

Anonymous said...

မွေးနေ့ပွဲလာပါတယ်..။ ကိတ်မုန့်စား ကဗျာဖတ်သွားပါတယ် ..။ ပျော်ရွှင်ဖွယ် မွေးနေ့ မှသည် နောင် နှစ် ပေါင်းများစွာ လက်တွဲဖော်နဲ့အတု စာတွေ ကဗျာတွေ ဖန်တီး နိုင်ပါစေ..။

Anonymous said...

ဆရာသမားကတမျိုးပါလား မွေးနေ့လာအားပေးတဲ့သူ
တွေကို ပြန်ဆုပေးနေတယ်။
ထားပါတော့... ၂၈ရောက်ပြီဆိုတော့ ဘာပဲပြောပြော
လောကဓံကိုတော့ အရင်ထက်စာရင်ကြည့်တတ်မြင်တတ်
ြံ့ကံ့ကြံ့ခံနိုင်လာပြီပေါ့နော်။ဆိုတော့ဗျာ.....
အမှားအမှန်ဝေဖန်ပိုင်းခြားတတ်ပြီး ဘ၀ကိုရဲရဲရင်ဆိုင်ရဲ
တဲ့သားကောင်းရတနာလေးဖြစ်ပါစေဗျာ

သန့်စင် said...

မွေးနေ့ ပွဲလေးကို ရောက်လာပါတယ် ခမျာ ... ကျွန်တော် ဆုတောင်းပေးနေရင် အကို လိုချင်တာမရပဲ နေမှာစိုးလို့ အကိုဖြစ်ချင်တာတွေ ဖြစ်လာပါစေလို့ပဲ ......

ယောနသံစင်ရော် said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။ လိုအင်ဆန္ဒတွေပြည့်ဝပြီး လူမျိုးဘာသာ သာသနာကိုထိမ်းသိမ်းနိုင်သူတယောက်ဖြစ်ပါစေ။ ကဗျာလေးက အတော်ကိုကောင်းပါတယ်။ နောက်ဆုံး သုံးပါဒကို အကြိုက်ဆုံးပါပဲ။ (မုန့်ကျွေးတာလည်းကျေးဇူး ချောကလက်ကိတ်မုန့်ဆိုကြိုက်မှကြိုက်ပဲ... ။)

Apprenticeship said...

ံပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ..

khin oo may said...

လူရိုးကလေးရဲ့ မွေးနေ့ပွဲကို လာပါတယ်။ ချမ်းမြေ့ပါစေ. Happy birthday

WWKM said...

HAPPY BIRTHDAY TO U.
HAPPY BIRTHDAY TO U.
HAPPY BIRTHDAY DEAR NWAY THURA.
HAPPY BIRTHDAY TO U. :D

ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ်ပါစေ.
အသက်၂၈နှစ်ပြည့်မွေးနေ့မှသည် နောက်နှစ်
ပေါင်းများစွာ မောင်လေးချစ်လှစွာသော ချစ်
သူနဲ့အတူ ပျော်ရွှင်စွာလက်တွဲပြီး အတူတကွ
ဘုရားသွား ၊ ကျောင်းတက်ကာ ပျော်ရွှင်ဖွယ်
မွေးနေ့ပေါင်းများစွာကို ကျင်းပနိုင်ပါစေ....

ခင်မင်စွာနဲ့
အမ၀ါ

ခေါင်ခေါင် said...

ဟက်ပီး ဘက်ဒေးပါ ကိုနွေသူရ..
ရင်ထဲငြိသွားစေတဲ့ ကဗျာလေး နဲ့ ဧည့်ခံခဲ့လို့..ကျေးဇူးပါပဲ...
နှစ်ပေါင်းများစွာ ပျော်ရွှင်အဆင်ပြေပါစေ နော်...
ပျံသန်းခြင်း ယူနစ် ပေါင်းများစွာ မှာ အောင်မြင်ခြင်းတွေ တည်ရှိနေပါစေ

Unknown said...

အမိ..အဖ..
ကျေးဇူးကိုဆပ်နိုင်သော...
သားကောင်းရတနာဖြစ်ပါစေ.....

eveningstar said...

ကဗျာဆရာတွေဟာ လောကဓံနဲ့ စစ်ခင်းကြတယ်တဲ့။ အေး ကဗျာဆရာတွေရှုံးပြီးဆိုရင် (အမြဲတမ်းလည်း ရှုံးကြပါတယ်) ကဗျာကောင်းတွေ ထွက်လာတယ်တဲ့။ နွေသူရဆီက ကဗျာကောင်းတွေတော့ လိုချင်တယ်ဗျာ။ ဒါပေမယ့် စစ်တော့လည်း မရှုံးစေချင်ပါဘူး။
(ဒီကဗျာကတော့ စစ်ရှုံးကဗျာတစ်ပုဒ်ပဲထင်တယ်)

ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေဗျာ။

စိုင်းစိုင်းလားရှိုး said...

ရှေ့ဆက်လည်း ခရီးစဉ်တွေ ပျံသန်းရဦးမှာမို့ 28 ကြိမ်မြောက် ပျံသန်းခြင်းထက် မြင့်မြင့်မားမား ပျံသန်းနိုင်ပါစေ။

Welcome said...

ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ။
ဘဝနဲ့ဆန္ဒ ထာဝရ တစ်ထပ်တည်း ဖြစ်ပါစေလို့
ဆုတောင်းလိုက်ပါတယ်..

http://winzaw-mdy.blogspot.com

RePublic said...

ဟက်ပီးဘဒ်ဒေးပါညီငယ် ၊၊

Unknown said...

ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်ပါစေ။

Anonymous said...

နွေသူရအတွက် မွေးနေ့ဆုတောင်း ...

၂၈ နေ့သစ်တွေအတွက်
ဥသြတဆွဲဆွဲ
အိမ်ပြန်ရထားတွေလည်း
(အခိုက်အတန်တော့)
စောင့်တန်ကောင်းပါရဲ့ ... ညီ့အတွက်လေ ...
နှလုံးသားသံလမ်းရဲ့ မျဉ်းပြိုင်တွေ
“Infinity” မှာ ဆုံစေ ... ။

၂၈ နေရက်တွေထဲ ... နာကျင်မှုကို
အထပ်ထပ်ယူငင်ဆွဲပြီး ပစ်မချပါနဲ့တော့ ... ညီ
ပြောင်းလဲမသွားတဲ့ အရာ, က
“အချိန်” ဆိုတဲ့ သမားတော်နဲ့ ဆုံစေ .... ?

ကောင်းကင်၊ လွင်ပြင် ... နောက်
အဲဒီ့ လေပြေ ...
စိတ်ကူးဒဲ့ဒိုးနဲ့ ရွက်လွှင့်ခဲ့ရိုးမှန်ရင်
ဆောက်ခဲ့တဲ့အိမ်ကို ညီ့ နှလုံးသားထဲ ရွေ့ဆောက်လိုက် ....
အုတ်တစ်ချပ်၊ သဲ တစ်ပွင့်က အစ
“သဘာဝလောက” ဆီက ရစေ ... ။

မိုးပေါ်က နတ်သမီး ချစ်သူတစ်ယောက်ရှိပြီးတဲ့တွက်
ထူးထူးခြားခြားဂုဏ်ယူမိပေ
ဆန်းဆန်းပြားပြားခံစားနေ ... ဆိုလေတော့ ...
အဲ့ဒီ့ချစ်ခြင်းမှာ
တင်း၊ တောင်း၊ ပိဿာ
အလေးချိန်ခွင်ဟာ ပြည့်စေ .... ။

၂၈ နေ့သစ်တွေမှာ
ဒီ “ငါး” ကိုဝယ်ယူမယ့်သူဟာ ဘေးမဲ့ပေးခြင်းအတွက်သာ ဖြစ်စေ ... ။

ဘေးမဲ့ကန်မှာ မြူးထူး
အဲဒီလို ကူးခတ်တဲ့အခါ
“ငယ်မူပြန်ခြင်း” ကိုသာ ကြိုတွေးပြီး “အနာဂတ်” တွေကိုတော့ ပြန်သတိရစေ .... ။

နာရီအသစ်တစ်လုံးနဲ့ စ
ပျိုလွင်မယ့် .... တက်ကြွမယ့် အဲ့ဒီ့ ရက်သစ် ကျ ရင် ...
သမိုင်းတွင်အောင် ရိုးသားမယ့် ကဗျာသူရဲကောင်း
သွေးသစ်လောင်းလို့ ကြိုဆိုမယ်
အနာဂတ်နေ့သစ်တွေ
ချိုမြိန်ပါစေသား ... ။ ။

[နွေသူရရဲ့ ၂၈ နှစ်မြောက်မွေးနေ့အမှတ်တရမွေးနေ့လက်ဆောင်ပါ ... ညီ
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေ .... ဟက်ပီဘတ်ဒေး ... ပါ ...]

ခင်မင်လေးစားစွာဖြင့်
ကဗျာပေါင်းမိတ်ဆွေ ...
အိမ်မက်ရှင်

တောင်ပေါ်သား said...

ပျံသန်းခြင်း ၂၈ မှသည် နောင်နှစ်ပေါင်းများစွာ မိသားစုနဲ့ အတူတူ ဆက်လက် ပျံသန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အကိုရေ

Anonymous said...

"ပျံသန်းခြင်း ၂၈"
မှ---သည်
ရည်ရွယ်ချက်ပန်းတိုင်အောင်မြင်လျက်--
ချစ်သူနှင့် သက်ဆုံးတိုင်---
ရွှေလက်တွဲ၍လျှောက်လှမ်းနိုင်ပါစေ--

su wai said...

အထူးခင်တယ်ဆိုလို့ တကယ်ပဲ ၀မ်းသာမိပါတယ် ကိုသူရရေ… ၀ါသနာတူ သူငယ်ချင်းတွေနဲ့ အခုလို ခင်မင်ခွင့်ရတဲ့အတွက် ဘလော့လောကထဲကို ရောက်အောင် ဖန်တီးပေးခဲ့တဲ့ ကံတရားကို ကျေးဇူးတင်မိတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျရောက်တဲ့ ကိုသူရရဲ့ ၂၈ နှစ်မြောက် မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ…
၂၈ ရဲ့ နောက်ပိုင်းနှစ်တွေမှာလဲ ရိုးသားတဲ့ အတောင်ပံတစ်စုံနဲ့အတူ ရည်မှန်းချက်တွေရှိရာဆီ အရောက် ပျံသန်းနိုင်ပါစေ… လို့ ဆုတောင်းပေးသွားပါတယ်။
ခင်မင်စွာနဲ့ ကဗျာတွေကို

အမြဲအားပေးနေတဲ့
ဆုဝေ

မြတ်သွယ် said...

ကိတ်မုန့်လေးကစားချင်စရာ
ကဗျာလေးက ထပ်ထပ်ခါခါဖတ်ချင်စရာ
လေးနက်ပါတယ်
ကိုနွေသူရ မွေးနေ့မှစ အရာရာ ချောမွေ့ပြီး ဖြောင့်ဖြူးသောလမ်းကိုလျှောက်နိုင်ပါစေ
အေးအေးချမ်းချမ်းလေးလဲနေနိုင်ပါစေ
ပျော်ရွှင်ပါစေ
အောင်မြင်ပါစေ

အိပ်မက်နိဒါန်း said...

သူရရေ..

မွေးနေ့ကနေ့စပြီးပျော်ရွှင်စရာတွေနဲ့သာ ပြည့်နေပါစေ..
မိုးပေါ်ကလက်ဆောင်ပေးထားတဲ့ ချစ်သူလေးနဲ့လည်းဆုံဆည်းပါစေ..

sait phay yar said...

မောင်လေးရေ လာနုတ်ဆက်တာနောက်ကျသွားတယ်
ပျော်၇ွင်သောမွေးနေ့လေးဖြစ်ပါစေနော်
ကိတ်မုန့်တွေကကုန်သွားပြီ ဖိုးဂျယ်တို့က ထိပ်ဆုံးကလာတုတ်သွားတယ် ဟီဟီ
အရာရာတိုင်းအစဉ်ပြေပါစေနော်
မမေ

megumi said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။
မွေးနေ့မှစ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

ဟိ ဟိ၊ ဆုတောင်းတတ်သလောက် ဆုတောင်းသွားပါတယ်။


ကဗျာကလည်း လန်းမှလန်း။
ကဗျာနဲ့ ဧည့်ခံတာမိုက်တယ်။ :P :P

December Cinderella said...

စကားလုံးတွေ ရှားပါးဆွံ့အသွားလောက်အောင်
အရမ်းကောင်းတဲ့ ကဗျာလေးကို ခံစားရင်း
Chocolote Cake တ၀ကြီး စားသွားတယ်
CafeLatte လေးနဲ့တွဲလိုက်ရရင် ပိုကောင်းမလား

Anonymous said...

ပျော်ရွှင်သောမွေးနေ့ မင်္ဂလာပါရှင်.... ရုံး ကအပြန်နောက်ကျလို့  အရောက်နောက်ကျတာခွင့်လွှတ်ပါ...ကိတ်မုန့် တော့ကုန်ပြီထင်တယ်..... :-) ကဗျာလေးက အဓိပါယ်ရှိပါ့... ကောင်းမြတ်သော မနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ.....

အရုပ်ကလေး said...

ဘ၀က တဖျပ်ဖျပ်လူးနေတဲ့ငါးလို

ဝယ်သူကို ကြောက်နေခဲ့ရတယ်…..။

နာရီအစုတ်တွေနဲ့

ရှုပ်ရှုက်ခတ်နေ့တွေသာ ဖယ်လိုက်ရင်တော့

ကျွန်တော်….သမိုင်းတွင်အောင်ရိုးသားမဲ့သူပါ……။

စတဲ့ စကားလုံးတွေနဲ့ ဖေါ်ကျူးထားတာ နှစ်သက်
မိပါတယ် ..
မွေးနေ့မှသည် နောင်နှစ်ပေါင်း
ချမ်းမြေ့မှု အသင်္ချေ
ရရှိပါစေ...

ညီအကိုများ said...

မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ချမ်းမြေ့မှု
အပေါင်းနှင့်ပြည့်စုံနိုင်ပါစေ..

ကဗျာလေးကောင်းပါတယ်။

မိုးကြယ်

Anonymous said...

ကိုနွေသူရ ကဗျာလာဖတ်သွားပါတယ်ခင်ဗျာ

Saing Khan Tun said...

ညီလေး မွေးနေ့မှာ ပျော်ရွင်ပါစေ ..... အမေနဲ့ အဖေအတွက် ဘာတွေလုပ်ပေးလိုက်လဲ ... ပြောပြပါလား .....