ဆုံးရှုံးခြင်း
အချိန်ဧ။်ဆုလာဘ်အဖြစ်
ဇရာလက်ဆောင်ကို ငါရခဲ့ဧ။်။
ဘ၀ရဲ့ လက်ထဲကနေ
ကိုယ်မပိုင်တဲ့ နေရာတွေ
ပြီးတော့…အခွင့်အရေးတွေ..
ဖောက်ပြန်ခဲ့ကြသော အမှန်တရားများ
လက်လွှတ်ဆုံးရှုံးခဲ့ရသော မေတ္တာတရားများ
အသိခက်ခဲ့သော ပရမတ္တများဖြင့်
မိမိဧ။်ဈာပနအား ပြင်ဆင်ရန် မေ့ခဲ့ဧ။်။
ဒုစရိုက်များဖုံးနေသော
ဝိညာဉ် အခိုးအငွေ့များသည်
လေအဝှေ့တွင် ပျောက်ခဲ့ပြီ..။
ဆုံးရှုံးခြင်းဧ။် တံတွေးခွက်၌
ပတ္တမြားမဟုတ်သော ကျွန်ုပ်တို့
နွံနစ်ခဲ့ကြလေသည်…။ ။
နွေသူရ
၀၄၊၀၈၊၂၀၀၂
14 comments:
ြ
ကြိုက်တယ်ဗျာ။
ဖတ်သွားသည်။
အောင်မြင်တာလေးဖတ်ချင်တယ်။
“ဖောက်ပြန်ခဲ့ကြသော အမှန်တရားများ
လက်လွှတ်ဆုံးရှုံးခဲ့ရသော မေတ္တာတရားများ
အသိခက်ခဲ့သော ပရမတ္တများဖြင့်
မိမိဧ။်ဈာပနအား ပြင်ဆင်ရန် မေ့ခဲ့ဧ။်။”
အဲနေရာလေ သိပ်ကို သဘောကျမိတယ် ... ဟုတ်တယ် လူတွေ အားလုံးနီးပါးက အနိစ္စတရားကို မေ့လျော့ထား တတ်တာ သဘာဝပဲလေ...။
“ဆုံးရှုံးခြင်းဧ။် တံတွေးခွက်၌
ပတ္တမြားမဟုတ်သော ကျွန်ုပ်တို့
နွံနစ်ခဲ့ကြလေသည်…။ ။”
ပတ္တမြားဖြစ်လာမယ့် တစ်နေ့ ဆိုတာ ရှိလာခဲ့ရင် ... ။
ခင်မင်လေးစားစွာဖြင့်
ကောင်းတယ်..အားပေးလျက်ပါဗျာ
ကဗျာဆိုတာ........
.....အိပ်မက်ထဲက..................ရှုခင်းတွေလို......
.............အစီအစဉ်တကျ.........ရှိနိုင်ပေမယ့်......
..............ပြန်ဖန်တီးလို့...........မရနိုင်ပါဘူး........
တော်တော်လေးနက်တဲ့ အဓိပါယ်တွေပါပဲဗျာ။
ကွက်လပ်နေရာတွေမှာ ကျနော်စိတ်ကူးနဲ့ထည့်ကြည့်တယ်။
အိမ်မက်ကတော့ သိပ်လှတယ်ဗျ။ အစီအစဉ်တကျဖြစ်နေတတ်တယ်။
ကဗျာပြန်ရေးတဲ့အခါ (ဒါမှမဟုတ်) ရေးချင်နေတဲ့အခါ၊ ရေးနေတဲ့အခါမျိုးမှာ မလွယ်တာအမှန်ပဲဗျို့။
ပို့စ်ထဲက ကဗျာကိုလည်းကြိုက်ပါတယ်ဗျာ။
အသိခက်ခဲ့သော ပရမတ္တများဖြင့်
မိမိဧ။်ဈာပနအား ပြင်ဆင်ရန် မေ့ခဲ့ဧ။်။
တကယ်ပဲ--မေ့နေကြတာပါ---
ကဗျာလေးကောင်းတယ်---
ဘ၀အမောတွေကြား ဖြေဖျောက်နိုင်ပါစေဗျာ.........
သူရရေ...
မေ့နေတာတွေကို ပြန်ဖော်ပေးတဲ့အတွက်ကျေးဇူးတင်တယ်....
သူရ ..
December ရောက်တော့မယ်နော် ...
အစ်မတို့လဲ အသက်တစ်နှစ် ပိုကြီးတော့မယ် ။
ဟုတ်တယ် ...
ဘ၀က ဒီလိုပဲ ဘာမှန်းမသိသလို သိသလိုနဲ့
အချိန်တွေ တိုက်စားခံရတာကြာပြီ.
အသက်ကြီးလာလေလေ ..ပေးဆပ်မှုတွေ ရယူမှုတွေရဲ့ ဆုံးရှုံးခြင်းပမာဏကလဲ ပိုများလာလေပဲ ..
ကဗျာလေးရဲ့ အသိပေးမှုအတွက် ကျေးဇူး ။
မဆင့်
လူတွေက ဒီလိုပဲ မေ့မေ့လျော့လျော့နဲ့ နေတတ်ကျတယ်။ ကဗျာလေးနဲ့ သတိပေးတာကျေးဇူးပါနော်။
အချိန်ရဲ့ဆုလာဘ်အဖြစ် ဇရာလက်ဆောင်ကို ရခဲ့တယ်…တဲ့လား…
ဆုံးရှုံးခြင်း…ဆိုတဲ့ ကဗျာလေးကနေတော့ အသိတရားလက်ဆောင်တွေ ရလိုက်တယ် ကိုသူရရေ…
ဒါနဲ့ ဒီကဗျာမှာ သူရနွေ ဖြစ်နေတယ်နော်… ဘာရယ်မဟုတ်ပါဘူး…တွေ့လို့ ပြောလိုက်တာပါ…။
ကဗျာတွေကို အမြဲအားပေးနေတဲ့
ဆုဝေ
အဓိပါယ်လေးနက်ကဗျာတစ်ပုဒ်ပါ
ဖတ်လို့လဲကောင်းတယ်
ဘ၀ရဲ့ လက်ထဲကနေ ကိုယ်မပိုင်တဲ့ နေရာတွေ
အဲစာသားလေးကိုတော့ အကြိုက်ဆုံးပါ
မိမိဧ။်ဈာပနအား ပြင်ဆင်ရန် မေ့ခဲ့
ကိုနွေသူရကဗျာကြောင့် သတိတစ်ခုဝင်လာပါတယ်
ကျေးဇူးတင်ပါတယ်
အားပေးလျက်ပါ...
ကြိုက်တယ်ဗျာ အခုလို တရားသဘောပါတဲ့ကဗျာလေးက
လူတွေကို ကဗျာလေးနဲ့ သတိပေးထားသလိုဆိုတော့
ကုသိုလ်လဲရမှာပါ
Post a Comment