Tuesday, November 18, 2008

မိသားစု

(အသစ်မတင်နိုင်သေးခင်..တင်ပြီးသားပိုစ့်လေးထပ်တင်ပေးလိုက်ပါတယ်...

ဒီဇင်ဘာ ကျမှပဲ သိမ်းထားတဲ့အသစ်လေးတွေတင်ပေးပါမယ်...)

      မိသားစု

   

မလာဖြစ်တဲ့ နေ့များထဲမှာပဲ

လာဖြစ်အောင် လာခဲ့တယ်…

မောပမ်းနေတဲ့ ထမင်းဝိုင်းထဲကို

ချွေးတဒီးဒီးနဲ့ ၀င်ခဲ့တယ်..

အိုးမဲ့အိမ်မဲ့ ညစာတွေထဲကနေ

လိုက်ပွဲတွေ ခဏခဏလာချတယ်..

လက်ပစ်ကူးနေဆဲ အိမ်ပြန်ရက်တွေထဲမှာ

ရေဆန်နဲ့ချည်း တွေ့ခဲ့ရတယ်..

မျှော်သူတွေသာ မောပြီးဆို့နင့်ခဲ့ရတယ်..

အခုထိကို မဆုံနိုင်သေးဘူး…။  

 

                         နွေသူရ

                    ၀၈၊၁၂၊၂၀၀၅

7 comments:

ငှက်ငယ်လေး said...

မိသာစုကဗျာလေး ကို လာရောက် မျှဝေနားလည်သွားပါတယ်း)

khin oo may said...

မဖတ်ရသေးရင် အသစ်ဘဲပေါ့။ မကျေနပ်သေးရင် ပြန်လည် ဆနိုသစ်လိုက်ဦး။

WWKM said...

မိသားစု ကဗျာလေးကို လာရောက်မျှဝေခံစားသွားပါ
တယ်. မောင်လေးနွေသူရ ရေ..
အမ ကတော့ အခုမှ ဖတ်ရတာဆိုတော့ ကဗျာအသစ်
လေးပါပဲ ။း)
အဆင်ပြေပါစေနော်.

အစ်မ၀ါ

su wai said...

တစ်နေ့မှာတော့ ဆရာနေမျိုးကဗျာထဲကလို အမြဲတမ်းတစ်ယောက်လိုနေတဲ့ ထမင်းဝိုင်းလေးမှာ မိသားစုတွေ အစုံအညီနဲ့ ထမင်းလက်ဆုံစားခွင့်ရမှာပါ ကိုသူရရေ… တစ်နေ့နေ့မှာပေါ့…
ကဗျာအဟောင်းလေးတွေကလဲ မဖတ်ရသေးရင်တော့ အသစ်ပါပဲ… ပြန်တင်ပေးတော့ သေချာပြန်ဖတ်ဖြစ်တာပေါ့… သိမ်းထားတဲ့ ကဗျာအသစ်လေးတွေကိုလဲ ဖတ်ဖို့မျှော်နေပါတယ်…
အမြဲအားပေးနေတဲ့
ဆုဝေ

တောင်ပေါ်သား said...

ကဗျာလေးကို လာခံစားသွားပါတယ်

“မျှော်သူတွေသာ မောပြီး ဆို့နင့်ခဲ့ရတယ်“

မှန်ပါတယ်ဗျာ မျှော်လင့်တောင့်တနေတဲ့ လက်တွေ အများကြီး ရှိဦးမှာပါ့.......

မသက်ဇင် said...

ကိုနွေသူရ
လက်ပစ်ကူးနေဆဲ အိမ်ပြန်ရက်တွေထဲမှာ
ရေဆန်နဲ့ချည်း တွေ့ခဲ့ရတယ်..
မျှော်သူတွေသာ မောပြီးဆို့နင့်ခဲ့ရတယ်..
အခုထိကို မဆုံနိုင်သေးဘူး…။ ။

ကောင်းလိုက်တဲ့ကဗျာလေး--
ခံစားတတ်တဲ့ အတွေးလေး
လှလိုက်တဲ့စာကားလုံးလေးတွေ--
ရင်ထဲထိယူသွားပါ၏

Anonymous said...

ကဗျာကောင်းတစ်ပုဒ်ဖတ်သွားပါတယ်...