Wednesday, November 12, 2008

နိုဝင်ဘာလမ်း

နိုဝင်ဘာလမ်း

 

နိုဝင်ဘာလမ်းမှာ

နှင်းတွေတအားကုန်ကျနေပြီ….

တကယ်တမ်းတော့

နွေဆိုတာ အဝေးကလွမ်းရမယ့်အဖြစ်

စွန့်လွှတ်ရမယ်ဆိုတော့ မစွန့်လွှတ်နိုင်ခဲ့ဘူး….

လွမ်းရတဲ့ရက်တွေ ခြေရာခံကြည့်ရင်တော့

ဒီရင်မှာကျန်ရစ်မှာ

အေးခဲသွားတဲ့ အနမ်းတွေနဲ့

ညစ်ပေခဲ့တဲ့ အဖြူရောင်ဒိုင်ယာရီမှတ်တမ်းတွေပဲ

ရှိလိမ့်မယ်…..။        

 

၀၁၊၁၁၊၂၀၀၆

နွေသူရ

8 comments:

khin oo may said...

ခံစားသွားပါတယ်

မသက်ဇင် said...

နွေသူရရေ---
နွေဆိုတာ အဝေးကလွမ်းရမယ့်အဖြစ်
စွန့်လွှတ်ရမယ်ဆိုတော့ မစွန့်လွှတ်နိုင်ခဲ့ဘူး….
လွမ်းရတဲ့ရက်တွေ ခြေရာခံကြည့်ရင်တော့
ဒီရင်မှာကျန်ရစ်မှာ
"နိုဝင်ဘာလမ်း"
ကိုလာဖတ်တယ်--လွမ်းရတဲ့ရက်တွေ--ခြေရာခံ
ကြည့်တာ--ဒီရင်မှာကျန်ရစ်မှာ--
သုံးထားတဲ့ စာကားလုံးလေးက လှလိုက်တာ--
ကျစ်လစ်တယ်--
နွေကို --အဝေးကလွမ်းနေပြီး မစွန့်လွှတ်နိုင်ဘူးလို့တင်စားထားတာကောင်းတယ်--
အားပေးနေပါတယ်----

Welcome said...

ကဗျာကောင်းလေးတစ်ပုဒ်ကို လာခံစားသွား ပါတယ်။ ဆက်လက်ရေးသားနိုင်ပါစေ။

အမြဲအားပေးလျက်ပါ
http://winzaw-mdy.blogspot.com

မြတ်သွယ် said...

လှလိုက်တဲ့ကဗျာလေး တိုတိုလေးမှာပြည့်နေတာ အဓိပါယ်တွေ လွမ်းနေရတဲ့နွေရာသီ ..
တစ်ကယ်ကောင်းတယ်
ကြိုက်လည်းကြိုက်တယ်
အစအဆုံးကိုကောင်းတာ
နိုဝင်ဘာလမ်း
အားပေးသွားပါတယ်

Unknown said...

အ ကို ရေ အား မ ငယ် နဲ့နော်။ အ ဖော် ရှိ တယ်။ ဒီ ဇင် ဘာ လမ်း ကို ဆက် သာ သွား ။ ဒိုင် ယာ ရီ လေး ညစ် ပတ် ရင် ပ ဝါ နဲ့ သာ သုတ် ဗျာ။ မ ရ ရင် တော့ လွှတ် သာ ပြစ် လိုက် တော့ အ ကို ရေ။

Anonymous said...

ကဗျာရှင်ရေ ...
“နွေဆိုတာ အဝေးက လွမ်းရမယ့် အဖြစ် ”

ဆိုတဲ့အဖွဲ့လေးတော့ သိပ်ကိုကြိုက်သွားတယ်၊ များသောအားဖြင့် ဆောင်းနဲ့မိုးကို လွမ်းတဲ့အဖွဲ့ကဗျာတွေ ပဲ ခံစားဖူးတာ။ သိပ်ကောင်းပါတယ် တိုပေမယ့် ရင်ထဲထိတယ်။ အားပေးလျှက် ...။

su wai said...

နိုဝင်ဘာလမ်း
နှင်းတွေလွှမ်းတော့
အေးခဲသွားတဲ့ အနမ်းတွေကို
တမ်းတရင်း…
အဝေးကပဲ လွမ်းနေတော့မယ်……

နိုဝင်ဘာလမ်း ကဗျာလေးကို နှလုံးသားနဲ့ ခံစားသွားပါတယ်။
ပျံသန်းခြင်းရပ်ဝန်းမှာ ကဗျာကောင်းလေးတွေ ဆက်လက် ၀ဲပျံနေနိုင်ပါစေ ကိုသူရရေ…

ခင်မင်စွာနဲ့ အားပေးနေတဲ့
ဆုဝေ

လင်းဦး(စိတ်ပညာ) said...

အေးခဲသွားတဲ့ အနမ်းတွေနဲ့ ညစ်ပေခဲ့တဲ့ အဖြူရောင်ဒိုင်ယာရီမှတ်တမ်းတွေပဲ ရှိလိမ့်မယ်

အလွန်ကောင်းတဲ့ စာသားပဲ။ ရေးဖွဲ့မှုပါပဲ။