ခါကျဉ်ကောင်
အတော်အသင့်အနားယူပြီးတဲ့နောက်တော့
ငါတို့ လေဟုန်ကိုခွင်းရဦးမယ်…
ရင့်ကျက်မှုတွေကို
အချိန်နဲ့တိုင်းတာသလား
ပညာနဲ့တိုင်းတာသလား…..။
အသပြာဆိုတာ…ငါမ၀ယ်တတ်တဲ့`ပစ္စည်းဥစ္စာ´
ဘာပဲဖြစ်ဖြစ်
ဒီမြစ်ကိုဖြတ်ကူးပြီးရင်လည်း
ပင်လယ်ကို တွေ့ရဦးမှာပဲ…
နောက်ပြန်ဆုတ်ကြကြေးဆို
ကမ္ဘာကြီးလည်း အခုချိန်
စင်္ကြာဝဠာ အမှိုက်ပုန်းမှာ ပျက်သုန်းနေဦးမှာပေါ့….။ ။
နွေသူရ
(၀၃၊၀၈၊၂၀၀၈)
3 comments:
နောက်ပြန်ဆုတ်ကြကြေးဆို
ကမ္ဘာကြီးလည်း အခုချိန်
စင်္ကြာဝဠာ အမှိုက်ပုန်းမှာ ပျက်သုန်းနေဦးမှာပေါ့….။
နွေသူရရေ----
ခါချဉ်ကောင်မာန်တင်းလို့---ပေါ့နော်--
အတွေးကောင်းလှချည်လား--
ကဗျာတပိုဒ်ဟာ ဒဿနတခုပါပဲ--
ခင်မင်လျက်
မသက်ဇင်
ဒီမြစ်ကိုဖြတ်ကူးပြီးရင်လည်း
ပင်လယ်ကို တွေ့ရဦးမှာပဲ…
နောက်ပြန်ဆုတ်ကြကြေးဆို
ကမ္ဘာကြီးလည်း အခုချိန်
စင်္ကြာဝဠာ အမှိုက်ပုန်းမှာ ပျက်သုန်းနေဦးမှာပေါ့...။
အစ်ကိုရေ...
စာသားလေးတွေက ကောင်းလွန်းလို့ ဘာပြောရမှန်းကို မသိတော့ဘူး။
ဟားးး သိပ်ကောင်းတဲ့ကဗျာပါလား ... အားမာန်အပြည့်ပါပဲ၊ အတွေးကောင်းအရေးကောင်းလေ တော့ ကဗျာက တစ်ပုဒ်ဆို ဆိုသလောက်က ပစ်ပစ် ထိတယ် နွေသူရ။ ကဗျာရဲ့ မာန်၊ ကဗျာ့ဈာန်ဝင်လာရင် သိပ်လှတဲ့စကားလုံးတွေက အလိုလို ထွက်ကျလာတတ်ပါတယ်၊ လေးစားပါတယ်။ ထပ်ပြီး ကဗျာကောင်းတွေ ဖတ်ချင်တယ်။
လေးစားစွာဖြင့်
Post a Comment