Sunday, October 19, 2008

ကြိုး

ကြိုး

 

အထိအတွေ့တွေ များလာတော့

ငါ့ကျောက်ဆောင်တွေပြိုလဲ…

သူ့ကမ်းပါးတွေပြိုလဲ…

ပြီးတော့…. ငြိတွယ်ခဲ့ကြ

ဒီကြိုးကိုအစဆွဲမိတော့

ငါတို့ရုန်းဖို့ခက်ပြီ…

ဖြတ်ဖို့ရန်ခက်

ပြတ်ဖို့ရန်ခက်

ဘ၀ရဲ့ ရမ္မက်တွေထဲမှာ

အခိုင်မြဲဆုံးကြိုး….

ဘာပဲဖြစ်ဖြစ်

ဆထက်တန်ဖိုး ခိုင်မြဲချင်တယ်….။       

 

နွေသူရ

၀၅၊၀၃၊၂၀၀၈

3 comments:

အိပ်မက်နိဒါန်း said...

စာသားလေးတွေက အရမ်းထိတယ်.ဟုတ်တယ်နော်.....ဒီကြိုးစကို မဆွဲဘဲနဲ့လည်းမနေနိုင်တော့ခက်တယ်။

မသက်ဇင် said...

နွေသူရရေ--
ကဗျာထဲမှာ အချစ် ကိုတန်ဘိုးထားတဲ့--
ချစ်တတ်သူကို တွေ့နေရတယ်---
ကြိုးလေးကို ပိုခိုင်မြဲအောင်ချည်နိုင်ပါစေ--
ဘဝ လက်တွဲဖေါ်နဲ့ သာယာသည့် အနာဂါတ် အတွက် ခရီးဆက်ရန်--ချည်နှောင်ထားသော မေတ္တာကြိုးများ ခိုင်မြဲပါစေသော်---

Welcome said...

သယ်ချင်း
သိပ်ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်...
ခင်မင်လျက်
http://winzaw-mdy.blogspot.com