ကဗျာအသစ်တင်မယ်လို့တွေးထားတာ…ချင်းမလေးက..တက်ဂ်ပေးပါဦး.
.မတက်ဂ်ရင်..သူ့ကိုယ်သူသတ်သေမယ်(စတော်ဘယ်ရီပင်ပေါ်ကခုန်ချမယ်၊
ရေမရှိတဲ့ချောင်းမှာနှာခေါင်းအောက်ဆီဂျင်ပိုက်တပ်ပြီးသေမယ်:D ) ဆိုလို့..
မအားလပ်တဲ့ကြားက( အိပ်နေရင်း..) ရေးလိုက်ရတာပါ…။ တက်ဂ်ခံရတဲ့ခေါင်းစဉ်ကလည်း `အချစ်ဆိုသည်မှာ´တဲ့…။ ခေါင်းစဉ်ကြည့်ပြီးတော့
ဟိုသီချင်း…ဘာတဲ့…ခိုင်ထူးရဲ့..အချစ်ဆိုတာ..ပျော်ရွှင်စရာများနဲ့အတူ…ပူဆွေးမှုများလည်းယူလာခဲ့တယ်တဲ့….။ ဒီသီချင်းလေးရဲ့စာသားအတိုင်းပဲထင်ပါတယ်..။အချစ် ဟာ ပျော်ရွှင်မှု၊ကြည်နူးမှု၊၀မ်းနည်းမှု၊ကြေကွဲမှုတွေအပြင်..နောက်ဆက်တွဲ အမုန်းတွေ၊အဃာတတွေ ပါ ပါလာတယ်.။ တချို့ကအချစ်မှာမျက်စိမရှိဘူးတဲ့…။တချို့ကလည်း ချစ်ခြင်းအစမျက်စိကတဲ့…။ အချစ်ရဲ့ defination ကိုတိတိကျကျ ပြန်ဆိုဖို့ အချစ် dictionary ကိုသီးသန့်မပြုစုရသေးတော့
ကိုယ်တွေ့ကြုံ ဖြစ်ပျက်ခဲ့သမျှလေးတွေကို ပြန်ဖောက်သည်ချကြတာပေါ့..။..
ကျွန်တော်အမြင်ကတော့ အချစ်ဆိုတာ ယမကာသောက်ရသလိုပါပဲ..
( စကားထဲက ဇာတိပြနေပြီ ဟဲဟဲ…နောက်တာနော်…တကယ်ဟုတ်ဘူး)။
နဲနဲသောက်ထားတော့…လူကအေးတိအေးစက်နဲ့…မှန်ရုံလေးသောက်ထားတော့..
ပျော်သလိုလို ဘာလိုလိုဖြစ်….လွန်သွားပြီဟေ့ဆိုရင်တော့..ကျွမ်းထိုးမှောက်ခုံဖြစ်လိုဖြစ်၊
အော်ဟစ်သောင်းကျန်းလိုသောင်းကျန်း၊ အဲဒီလိုပါပဲ…ချစ်စခင်စကတော့အချစ်ကရင်ခုန်မှု၊
သာယာမှုလေးတွေနဲ့ပေါ့၊ အချစ်ကြီးလာတော့ မနာလိုမှု၊မုန်းတီးမှုစတဲ့
နောက်ဆက်တွဲဆိုးကြိုးတွေပါလာပါရော….။ အရက်ကိုအလွန်အကျွန်မသောက်သင့်သလို
အချစ်ကိုလည်း အလွန်အကျွန်မချစ်မိဖို့လိုတာပေါ့ဗျာ…..။(ကြော်ငြာ….မဟုတ်ပါ)
ဟုတ်ဟုတ်မဟုတ်ဟုတ်…ကျွန်တော်လည်းရေးချင်တာတွေရေးလိုက်ပြီးပြီ….။ ဆိုင်လားမဆိုင်လားတော့မသိဘူး…။
ချင်းမလေးကိုသနားလို့ပါ…။ လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဆိုတဲ့စိတ်နဲ့ပါ…:P ။ ချင်းမလေးရေ….ဒီလောက်နဲ့ကျေနပ်နော်…။
စာကြွင်း ။ ။နွေသူရ အရက်မူးပြီးရေးနေခြင်းမဟုတ်ကြောင်း ၀န်ခံပါရစေ…။
2 comments:
အချစ်ဆိုတာ ယမကာသောက်ရသလိုပါပဲတဲ့..
မှတ်သားသွားပါရဲ့... :P
အဆင်ပြေပျော်ရွှင်ပါစေ ကိုနွေသူရ ရေ.
ရေးပေးတာကျေးဇူးနော်...နွေသူရရေ...
အရေးအသားကတော့တော်တော်ကောင်း.. :P
ယမကာနဲ့ တူတယ်ဆိုတော့မူးမှာပေါ့နော်.. :D
Post a Comment