ခေါင်းစဉ်ကလွယ်သလိုလိုရှိပေမယ့် စဉ်းစားရခက်နေပါတယ်။ဘ၀မှာစိတ်ကူးယဉ်ခဲ့တာတွေကလည်းတော်တော်များခဲ့တာကိုး။အသက်အရွယ်၊အခြေနေအချိန်အခါပေါ်လည်းမူတည်သေးတာကိုးဗျ။တစ်နေ့ကဒိုင်ယာရီအဟောင်းထဲမှာ
စိတ်ကူးယဉ်ရေးထားတဲ့ကဗျာလေးတစ်ပုဒ်တွေ့လို့ ဆားချက်လိုက်ပါတယ်။(တကယ်လည်းဖြစ်ချင်တဲ့စိတ်ကူးလေးပါ:P....။)
ဆိုင်လားမဆိုင်လားတော့မသိဘူး။ဒီကဗျာလေးနဲ့ပဲအကြွေးဆပ်လိုက်ပြီ မယ်ဂုမိ ရေ.....။
ပြန်ဆုံချိန်
ပြန်ဆုံချိန်မှာ….
နှစ်ဦးသားရင်ခုန်သံတွေနဲ့ ဖွဲ့စည်းထားတဲ့
ကဗျာလေးတချို့အသက်ဝင်လာလိမ့်မယ်။
စိတ်ကူးယဉ်ထားတဲ့တေးသံတွေ
နှလုံးသားအထိလွင့်ပျံ့လာလိမ့်မယ်။
ပြန်ဆုံချိန်မှာ….
အိပ်မက်ထဲကအလွမ်းတွေ
မိုးစက်တွေအဖြစ် ကောင်းချီးပေးလိမ့်မယ်။
ပြီးတော့
အမောပြေ နှုတ်ဆက်အနမ်းလေးတွေ
အလွမ်းပြေ ဓါတ်ပုံအဟောင်းလေးတွေ
ရှင်သန်နိုးထလာလိမ့်မယ်။
ပြန်ဆုံချိန်မှာ….
အထပ်ထပ်ရစ်ပတ်ခဲ့တဲ့ကြိုးတွေနဲ့
နားလည်မှုတွဲလက်တွေကိုချိတ်လို့
အိုအေစစ်သွားတဲ့လမ်းကို
အတူလျှောက်လှမ်းကြမယ်……။ ။
နွေသူရ
၂၉၊၀၅၊၂၀၀၈
6 comments:
ရေးပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ကဗျာဆရာပီသတယ်။
Tag postကို ကဗျာနဲ့ ဖြေတယ်တော့။ ဟိ ဟိ။
ပြန်ဆုံချိန် "အမြန်ဆုံးရောက်ပါစေ"လို့ ဆုတောင်းလိုက်ပါတယ်။
ကဗျာလေးက ရိုးရိုးလေးနဲ့ခံစားလို့ကောင်းနေတယ်
ကိုနွေသူရ
ကဗျာရဲ့ ဒုတိယအပိုဒ်ကို လွန်စွာကြိုက်နှစ်သက်ပါ၏
အားပေးမယ်နော်
ကဗျာကောင်းလေးကို ခံစားသွားပါတယ်ဗျာ
အဆင်ပြေပါစေဗျာ
ပြန်ဆုံချိန်မှာ ရင်ခုန်သံကို မညာကြေးနော်... ဆိုတဲ့သီချင်းလေးကို အမှတ်ရမိတယ်
ကဗျာကောင်းလေးတစ်ပုဒ်ပါ အိုအေစစ်လမ်းမှာ အတူလျောက်လှမ်းနိုင်ပါစေ
ကောင်း၏ ပြန်လည်ဆုံစည်းပါစေကြောင်း
Post a Comment