Wednesday, October 1, 2008

သူငယ်ချင်း

သူငယ်ချင်း

 

ကြဲချလိုက်တဲ့ မျိုးစေ့တွေလိုပဲ

ကျရာနေရာမှာကြီးပြင်းခဲ့ရ

တချို့လည်းစိမ်းလန်း

တချို့လည်းညှိုးနွမ်း

သူငယ်ချင်းဆိုတာ ထင်တာထက်ဆန်းကြယ်တယ်..။

ကျောင်းတော်ရဲ့ အဝေးမှာ

အရိုးဆွေးသူတွေဆွေး

အလှမ်းဝေးသူတွေဝေး

ပြန်ဆုံရင် ရင်ခုန်ရပေမယ့်

အမြင်အာရုံခြင်း၊ အသံထွက်ပုံချင်းက

ထန်းရည်နဲ့ ကော့ခ်ညက်လို

တက်ပုံချင်းကကွာတယ်..။

ဝမ်းသာမှုတွေ ဝေမျှလို့ရပေမယ့်

ဝမ်းနည်းမှုတွေကိုတော့ ခံစားလို့ မရနိုင်တော့ဘူး..။

ဘ၀မာရသွန်ပွဲမှာ

ပန်းတိုင်ကဘာလဲ

ဆုလာဘ်ကဘာလဲ

ဘယ်သူတွေ ရှေ့ဆုံးရောက်လို့

ဘယ်သူတွေနောက်တော်ကျခဲ့ပြီလဲ….။       

 

နွေသူရ

၃၀၊၁၀၊၂၀၀၇

 

5 comments:

မသက်ဇင် said...

ဘ၀မာရသွန်ပွဲမှာ
ပန်းတိုင်ကဘာလဲ
ဆုလာဘ်ကဘာလဲ-----

နွေသူရရေ-------
ကိုယ်လျှောက်လှမ်းနေရတဲ့ ခရီးလမ်းကို
ဘဝမာရသွန်နဲ့ တင်စားထားပြီး
မရေရာတဲ့ ပန်းတိုင်နဲ့ မရေရာတဲ့ မျှော်လင့်ချက်
ကို တင်စားထားတာပါပဲ----

လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်ကြရတယ်--
လူတိုင်းမှာပန်းတိုင်ရှိရမယ်လေ-----
ရည်ရွယ်ချက်ပန်းတိုင်ကို
ယောင်္ကျားဘသားဟ--
ဆိုတဲ့ ဇွဲနဲ့ချီတက်စေချင်ပါတယ်---
အဲဒီလိုကဗျာမျိုးတွေ များများရေးပါ
အားပေးနေပါတယ်---
ခင်မင်လျက်
မသက်ဇင်

ဖြိုးငယ် said...

ကောင်းတယ်ညီရေ .. ကဗျာလေးက ရှယ်ပဲ ...

ကျောင်းတော်ရဲ့ အဝေးမှာ
အရိုးဆွေးသူတွေဆွေး
အလှမ်းဝေးသူတွေဝေး
ပြန်ဆုံရင် ရင်ခုန်ရပေမယ့်
အမြင်အာရုံခြင်း၊ အသံထွက်ပုံချင်းက
ထန်းရည်နဲ့ ကော့ခ်ညက်လို
တက်ပုံချင်းကကွာတယ်..။

ဒီအပိုဒ်ကတော့ လန်ထွက်နေတာပဲဟေ့

မိုးမြင့်တိမ် said...

ဟားးးး တယ်ကောင်းတဲ့ကဗျာလေးပါလား။ စာသားတွေ တကယ်မိုက်တယ်။ တစ်ပုဒ်လုံး ကြိုက်တယ်ဗျာ။ ဘ၀မာရသွန်ရဲ့ ပန်းတိုင်က သေခြင်းတရား။
ဆုလာဘ်က ခွဲခွာခြင်းလေ။

thinzar said...

ကဗျာလေး ကြိုက်တယ်

လင်းဦး(စိတ်ပညာ) said...

ကဗျာလေး ကောင်း၏။ လာခံသွားပါတယ် .. :)