မျှော်လင့်စက်ဝိုင်း
တစ်ပတ်ပြန်လည်တိုင်း
မီးစာတွေတင်ခဲ့ကြတယ်…..
ထမ်းပိုးထားတဲ့
မနက်ဖြန်ရဲ့လက်ထဲမှာ
ကိုယ့်နှလုံးသားကိုယ်
အရောင်ပြန်ဆိုးခဲ့ကြတယ်…..
ရင်းနှီးထားတဲ့
အမဲစက်တွေနဲ့ညကို
တစစီ မြှုပ်နှံအပြီးမှာ....
အသနားခံစာတွေနဲ့
တုပ်နှောင်ထားတဲ့ မျက်လုံးတွေကို
ခဏတဖြုတ်ပိတ်လိုက်တယ်…
ချုပ်ရိုးရာတင်းကြမ်းနဲ့
အမာရွတ်တွေ အောက်မှာတော့
ပြဿဒါးနေ့တွေ ဖရိုဖရဲ…..
နောက်ဆုံးပိတ်မှာ
အိတ်နဲ့မလွယ်ခဲ့ရပေမယ့်
လက်တဆုပ်စာလောက်တော့
ပြန်ပေးရလိမ့်မယ်….။ ။
နွေသူရ
၂၆၊၁၀၊၂၀၀၂
(ပြည်တော်ပြန်ဖို့ပြင်ဆင်နေတဲ့အခိုက်မှာ....ဒီကဗျာလေးကိုအမှတ်ရစွာနဲ့ပြန်တင်ပေးလိုက်ပါတယ်...)
8 comments:
အမှတ်တရရှိတဲ့ (အပြန်)ကဗျာလေးကို
လာဖတ်ပါတယ်၊
ဘယ်အိမ်ကို ပြန်မှာလဲ ခင်ဗျာ..
အမှန်တိုင်းပြောရရင် ပုလဲဒီကဗျာကို နားမလည်ဝူး
တောင်းပန်ပါတယ်နော်
ဒါပေမယ့် အားပေးလျက်ပါ :)
အိမ်ပြန်တော့မှာလား..ဘယ်တော့လဲ..
ကဗျာလေးလာဖတ်သွားပါတယ် မောင်ငယ်နွေသူရ ရေ.
အဆင်ပြေပါစေ။
အစ်မ၀ါ
ကဗျာလေးကောင်း၏ ဒါနဲ့ ပြန်ဖို့ ပြင်နေတယ်ဆိုတော့ ဘယ်ပြန်မှာလဲဗျ ရွာပြန်မှာလား ဟင် ကျနော်တောင် ပြန်ချင်လာပြီဗျာ။
မြန်မာပြည်ကအမေ့အိမ်ကိုပြောတာပါ...
ပြန်ပြင်ရေးလိုက်ပါတယ်ခင်ဗျာ...:)
ခုလိုပြောပြပေးတာကျေးဇူးအထူးပါ
ကိုဝင်းဇော်နဲ့ကိုအိမ်ရေ...
မျှော်လင့်စက်ဝိုင်း တစ်ပတ်ပြန်လည်တိုင်း...
ဟုတ်တယ်နော်..ဆုဝေတို့တွေ အားလုံးဟာ မျှော်လင့်ချက်တွေနဲ့ သံသရာစက်ဝိုင်းထဲက ရုန်းမထွက်နိုင်သေးတဲ့သူတွေပါပဲ။ နောက်ဆုံးမှာတော့...
ုပြည်တော်ပြန်ခရီးမှာ အဆင်ပြေမှုတွေ စောင့်ကြိုနေပါစေလို့ ဆုတောင်းပေးပါတယ် ကိုသူရရေ။
ခင်မင်စွာဖြင့်
ဆုဝေ
ကိုနွေသူရရေ
လည်လည်လာတယ်။
ပြန်တော့မယ်ပေါ့လေ။
နွေးထွေးသောအမေ့အိမ်လေးကို ပြန်တော့မယ်။
မြန်မာပြည်မှာ အေးချမ်းပျော်ရွှင်ပါစေရှင်
မီးမီးငယ်
မနက်ဖြန်ကို
ခင်ဗျား ရင်ခုန်တယ်
မတွန့်နဲ့
တင်ခဲ့သမျှ မီးစာတွေအတွက်
ကွက်ကြားမျှင်မျှင်တော့ လင်းနေသားပဲ
ကျနော်ကတော့
မြှုပ်နှံသမျှ ကို
ရေမျှော ပစ်တော့တယ်
ကျုပ်တို့ မပျောက်ကွယ်သေးရင်
တစ်နေ့နေ့
ဧရာဝတီမှာ ဆုံမယ်။
လန်းဆန်းသွားအောင်
မြစ်ရေ တစ်ခွက်နဲ့
တိုစ့် လုပ်မယ်
အခုကစလို့
အဲဒီ ဘဝ
ခင်ဗျားဘက်ရောက်စေသား။ ။
Post a Comment